ကျိုင်းတုံဆေးရုံကြီးတွင် လိုအပ်နေသည့် ထိုင်ခုံအလုံးရေ(၁၀၀)အတွက် တာချီလိတ်မှ စေတနာရှင်များက ထိုင်ခုံအလုံးပေါင်း (၉၀)ကျော်လှူဒါန်းလိုက်၍ လိုအပ်ချက် ပြည့်သွား

ကျိုင်းတုံဆေးရုံကြီးတွင် လိုအပ်နေသည့် ထိုင်ခုံအလုံးရေ(၁၀၀)အတွက် တာချီလိတ်မှ စေတနာရှင်များက ထိုင်ခုံအလုံးပေါင်း (၉၀)ကျော်လှူဒါန်းလိုက်၍ လိုအပ်ချက် ပြည့်သွား
မတျ 26, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် လူနာစောင့်များအတွက် လိုအပ်နေသည့် ထိုင်ခုံအလုံးရေ (၁၀၀)အတွက် တာချီလိတ်မြို့မှ စေတနာရှင်များက ထိုင်ခုံ(၉၃)လုံး နှင့် အခြားမြို့များမှ စေတနာရှင်များက ထိုင်ခုံ (၁၄)လုံး လှူဒါန်းလာကြရာ ထိုင်ခုံအလုံးရေ (၁၀၇)လုံးဖြစ်သွားပြီ ဖြစ်သည့်အတွက် စေတနာရှင်များအနေဖြင့် လှူဒါန်းလိုပါက ဆေးရုံအတွက် အခြားလိုအပ်ချက်များအတွက်သာ လှူဒါန်းနိုင်ကြောင်း သိရသည်။

"အခုလို လှူဒါန်းပေးလာကြတဲ့အတွက် လူနာရှင်များ၊ လူနာစောင့်များကိုယ်စား ကျေးဇူးတင်ပါတယ်၊ လှူဒါန်းလာမှုအပေါ် ကျွန်တော်တို့ အကျိုးရှိရှိ အသုံးပြုသွားမှာပါ"ဟု ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဥာဏ်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။


ဆက်လက်၍ မိုင်းဆတ်မြို့မှ မောင်ဇော်မင်းထိုက် + မလင်းလင်းကြည်မိသားစုက ထိုင်ခုံ(၃)လုံး၊ ကျောက်မဲမြို့နေ ဒေါ်စိန်မြ၊ နန်းမိုးနှင်းအေး မိသားစုမှ ထိုင်ခုံ(၅)လုံး၊ ကျိုင်းတုံမြို့မှ ဦးမောင်မောင် + ဒေါ်မအီနန်း(ခ)ဒေါ်နန်းဖောင်း မိသားစုက ထိုင်ခုံ (၃)လုံး နှင့် မိုင်းပျဉ်းမြိုကနေ ဒေါ်အေးချမ်းသာ မိသားစုက ထိုင်ခုံ(၃)လုံး အသီးသီး လှူဒါန်းလာရာ စုစုပေါင်း ထိုင်ခုံ (၁၀၇)လုံးရှိပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးတွင် လူနာစောင့်ထိုင်ခုံများ အလုံအလောက်မရှိသဖြင့် လူနာစောင့်အများစုမှာ ဆေးရုံကြမ်းခင်းတွင် ဖျာခင်းနေထိုင်ရခြင်း၊ လူနာကုတင်လွတ်များပေါ်တွင် ထိုင်နေခြင်းများပြုလုပ်နေရပြီး လူနာသစ်များရောက်ရှိလာပါက အခက်အခဲများဖြစ်ပေါ်နေသဖြင့် ထိုင်ခုံအလှူရှင်များလိုအပ်နေခြင်း ဖြစ်သည်။


ထိုင်ခုံလိုချက်အတွက် အလှူခံနေမှုအား ရပ်တန့်လိုက်သော်လည်း ဆေးရုံအတွက် အခြားလိုအပ်ချက်များကို လှူဒါန်းလိုပါက ဆေးရုံအုပ်ကြီး ဒေါက်တာဥာဏ်မြင့် ၏ ဖုန်း - ၀၉၉၅၃၃၂၁၅၁၁ နှင့်  ဆေးလူမှုအရာရှိ ဒေါ်ဝင်ဌေး ၏  ဖုန်း ၀၉၄၀၁၆၁၉၉၂၉  သို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပြီး ရပ်ဝေးမှ အလှူရှင်များ ဘဏ်စာရင်း KBZ 33530199904783401 သို့ လွှဲပို့  လှူဒါန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် လူနာစောင့်များအတွက် လိုအပ်နေသည့် ထိုင်ခုံအလုံးရေ (၁၀၀)အတွက် တာချီလိတ်မြို့မှ စေတနာရှင်များက ထိုင်ခုံ(၉၃)လုံး နှင့် အခြားမြို့များမှ စေတနာရှင်များက ထိုင်ခုံ (၁၄)လုံး လှူဒါန်းလာကြရာ ထိုင်ခုံအလုံးရေ (၁၀၇)လုံးဖြစ်သွားပြီ ဖြစ်သည့်အတွက် စေတနာရှင်များအနဖြေင့် လှူဒါန်းလိုပါက ဆေးရုံအတွက် အခြားလိုအပ်ချက်များအတွက်သာ လှူဒါန်းနိုင်ကြောင်း သိရသည်။

"အခုလို လှူဒါန်းပေးလာကြတဲ့အတွက် လူနာရှင်များ၊ လူနာစောင့်များကိုယ်စား ကျေးဇူးတင်ပါတယ်၊ လှူဒါန်းလာမှုအပေါ် ကျွန်တော်တို့ အကျိုးရှိရှိ အသုံးပြုသွားမှာပါ"ဟု ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မှ စေတနာရှင်များဖြစ်သည့် ထာဝရအလင်းတန်း (Ever-lasting Light)ကုမ္ပဏီလီမိတက်မှ ဒေါ်လေးမေယော် မိသားစုက ထိုင်ခုံ အလုံး (၅၀)၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ဝမ်းဂျီဝမ်း ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးအောင်နိုင် + နန်းကျန်ခမ်း မိသားစု က ထိုင်ခုံအလုံး (၃၀)အတွက် ကျပ်(၁၀)သိန်းနှင့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် မြင့်ဦးအောင် သတ္တူတူးဖော်ရေးကုမ္ပဏီမှ ဦးမြင့်ဦး + ဒေါ်နန်းသောင်း မိသားစုက ထိုင်ခုံ (၁၀)လုံး၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်နေ နန်းဖြိုး အပ်ချုပ်ဆိုင်မှ ဦးသောင်းစိန် + ဒေါ်နန်းငွေဌေး(နမ္မတူ)မိသားစုမှ ထိုင်ခုံ (၃)လုံးအတွက် ကျပ်(၁)သိန်းတို့ လှူဒါန်းလာရာ စုစုပေါင်း ထိုင်ခုံ (၉၃)လုံး ရှိကြောင်း သိရသည်။

ဆက်လက်၍ မိုင်းဆတ်မြို့မှ မောင်ဇော်မင်းထိုက် + မလင်းလင်းကြည်မိသားစုက ထိုင်ခုံ(၃)လုံး၊ ကျောက်မဲမြို့နေ ဒေါ်စိန်မြ၊ နန်းမိုးနှင်းအေး မိသားစုမှ ထိုင်ခုံ(၅)လုံး၊ ကျိုင်းတုံမြို့မှ ဦးမောင်မောင် + ဒေါ်မအီနန်း(ခ)ဒေါ်နန်းဖောင်း မိသားစုက ထို်င်ခုံ (၃)လုံး နှင့် မိုင်းပျဉ်းမြိုကနေ ဒေါ်အေးချမ်းသာ မိသားစုက ထိုင်ခုံ(၃)လုံး အသီးသီး လှူဒါန်းလာရာ စုစုပေါင်း ထိုင်ခုံ (၁၀၇)လုံးရှိပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးတွင် လူနာစောင့်ထိုင်ခုံများ အလုံအလောက်မရှိသဖြင့် လူနာစောင့်အများစုမှာ ဆေးရုံကြမ်းခင်းတွင် ဖျာခင်းနေထိုင်ရခြင်း၊ လူနာကုတင်လွတ်များပေါ်တွင် ထိုင်နခြေင်းများပြုလုပ်နေရပြီး လူနာသစ်များရောက်ရှိလာပါက အခက်အခဲများဖြစ်ပေါ်နေသဖြင့် ထိုင်ခုံအလှူရှင်များလိုအပ်နခြေင်း ဖြစ်သည်။

ထိုင်ခုံများအား တစ်လုံးလျှင် ကျပ်(၃၃,ဝဝဝ)နှုန်းဖြင့် သတ်မှတ်ကာ ၂၀၁၉ခုနှစ် မတ်လ(၂၅)ရက်နေ့ကစ၍ စေတနာရှင်များ လှူဒါန်းလာမှုကို လက်ခံပေးနေရာ မတ်လ(၂၆)ရက်နေ့ နေ့လည်ပိုင်းတွင် ထိုင်အလုံးရေ(၁၀၀)ကျော်လာသည့် အတွက် အလှူခံမှုအား ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်ခုံလိုချက်အတွက် အလှူခံနေမှုအား ရပ်တန့်လိုက်သော်လည်း ဆေးရုံအတွက် အခြားလိုအပ်ချက်များကို လှူဒါန်းလိုပါက ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်၏ ဖုန်း - ဝ၉၉၅၃၃၂၁၅၁၁ နှင့် ဆေးလူမှုအရာရှိ ဒေါ်ဝင်ဌေး၏ ဖုန်း ဝ၉၄၀၁၆၁၉၉၂၉ သို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပြီး ရပေ်ဝးမှ အလှူရှင်များ ဘဏ်စာရင်း KBZ 33530199904783401 သို့ လွှဲပို့ လှူဒါန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net