ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်အတွင်း အခြေခံပညာကျောင်းဆောင် ၆ ခုကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် တည်ဆောက်မည်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်အတွင်း အခြေခံပညာကျောင်းဆောင် ၆ ခုကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် တည်ဆောက်မည်
ဇှနျ 19, 2018
By Tachileik News Agency


၂၀၁၈ ခုနှစ် ဇွန်လ (၁၈) ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မန်တုံမဲ ဆန္ဒနယ်မှ ဒေါ်နန်းမိုးက မန်စပ်ကျေးရွာ အလယ်တန်းကျောင်း ဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် မန်တုံမြို့နယ်အတွင်း ဦးစားပေးတည်ဆောက်ရမည့် လုပ်ငန်း (၆)ခုလျာထားပြီးဖြစ်ရာ ဝန်ထမ်းအိမ်ရာကို အဆိုပါ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပေးနိုင်ခြင်းမရှိသေးကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။




အခြေခံပညာဦးစီးဌာနအနေဖြင့် အသစ်တည်ဆောက်ရေးလုပ်ငန်းများ ဦးစားပေးရွေးချယ်ရာတွင် အန္တရာယ်ရှိ ကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ တိုးချဲ့ဆောက်လုပ်ရန် လိုအပ်သော ကျောင်းများ၊ သိပ္ပံဆောင်လိုအပ်သောကျောင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် နေရာရွှေ့ပြောင်း ဆောက်လုပ်ရမည့် ကျောင်းများကို မြို့နယ်များအလိုက် ဦးစားပေးအဆင့် သတ်မှတ်ရွေးချယ် တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းသွားသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်အတွင်းရှိ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် အတွင်း ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက အခြေခံကျောင်းဆောင် တည်ဆောက်လုပ်ငန်း (၆) ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇွန်လ (၁၈) ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မန်တုံမဲ ဆန္ဒနယ်မှ ဒေါ်နန်းမိုးက မန်စပ်ကျေးရွာ အလယ်တန်းကျောင်း ဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိကို မေးမြန်းခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် မန်တုံမြို့နယ်အတွင်း ဦးစားပေးတည်ဆောက်ရမည့် လုပ်ငန်း (၆)ခုလျာထားပြီးဖြစ်ရာ ဝန်ထမ်းအိမ်ရာကို အဆိုပါ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပေးနိုင်ခြင်းမရှိသေးကြောင်း ဖြကြေားခဲ့ခြင်းဖြစ်သည်။

မန်စပ်ကျေးရွာ အလယ်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း (၃၂၉)ဦးရှိပြီး ဆရာ၊ ဆရာမဦးရေ( ၁၄)ဦးရှိသည့် အနက် ရပ်ဝေးမှ လာရောက်တာဝန်ထမ်းဆောင်သူ ဆရာ၊ဆရာမ (၁၁)ဦးပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဆရာ၊ဆရာမ (၇)ဦးမှာ ကျောင်းဝင်းအတွင်း ကျောင်းဆောင်ဟောင်းတွင်နေထိုင်ရာ ကျန် (၄)ဦးမှာ ကျေးရွာမှနေအိမ်များတွင် နေထိုင်ကြရခြင်းဖြစ်ကြောင်း သိရသည်။

ဆရာ၊ဆရာမများ အတွက် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် ကျေးရွာက ပညာရေးဌာနသို့ လှူဒါန်းထားသည့် မြေနေရာလည်းရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်က တင်ပြသွားခဲ့သည်။

အခြေခံပညာဦးစီးဌာနအနဖြေင့် အသစ်တည်ဆောက်ရေးလုပ်ငန်းများ ဦးစားပေးရွေးချယ်ရာတွင် အန္တရာယ်ရှိ ကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ တိုးချဲ့ဆောက်လုပ်ရန် လိုအပ်သော ကျောင်းများ၊ သိပ္ပံဆောင်လိုအပ်သောကျောင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် နေရာရွှေ့ပြောင်း ဆောက်လုပ်ရမည့် ကျောင်းများကို မြို့နယ်များအလိုက် ဦးစားပေးအဆင့် သတ်မှတ်ရွေးချယ် တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းသွားသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~