ကိ်ဳင္းတံုၿမိဳ႕ ေလယာဥ္ကြင္းအနီးရွိ ပုဗၺာရံုေတာရေက်ာင္းရွိ ယာယီဓမၼာရံုမွာ မိုးသည္းထန္မႈေၾကာင့္ ၿပိဳက်သြားသျဖင့္ အလွဴရွင္မ်ား လိုအပ္ေန

ကိ်ဳင္းတံုၿမိဳ႕ ေလယာဥ္ကြင္းအနီးရွိ ပုဗၺာရံုေတာရေက်ာင္းရွိ ယာယီဓမၼာရံုမွာ မိုးသည္းထန္မႈေၾကာင့္ ၿပိဳက်သြားသျဖင့္ အလွဴရွင္မ်ား လိုအပ္ေန
ဇွန် 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ေလယာဥ္ကြင္း အေနာက္ဖက္၊ ၀မ္ယန္းအာခါရြာအနီးရွိ  ပုဗၺာရံုေတာရဘုန္းႀကီးေက်ာင္းရိွ ယာယီဓမၼာရံုဝါးေက်ာင္းမွာ ၂၀၁၈ခုႏွစ္၊ ဇြန္လ (၂၁)ရက္ေန႔က မုိးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေျမထိန္းနံရံၿပိဳက်၍ ပ်က္စီးသြားသည့္အတြက္ အလွဴရွင္မ်ား လိုအပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

မိုးသည္းထန္စြာ ရြာသြန္းၿပီး ေရတြန္းအားေၾကာင့္ ပုဗၺာရံုေတာရေက်ာင္း၏ ေျမထိန္းအုတ္တံတိုင္း နံရံၿပိဳက်ၿပီး ေက်ာင္းဝန္းအတြင္း ေယာဂီမ်ား တရားအားထုတ္သည့္ ယာယီဓမၼာရံုဝါးေက်ာင္းမွာ ေျမသားမ်ားပိ၍ ၿပိဳက်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဓမၼာရံုအသစ္ျပန္လည္ တည္ေဆာက္ေရးအတြက္ ဆက္သြယ္လွဴဒါန္းလိုသူမ်ား အေနျဖင့္ ပုဗၺာရံုေတာရဘုန္းႀကီးေက်ာင္း၏ ဆရာေတာ္ ဦးကုမာရ၏ ဖုန္း ၀၉ ၇၇၂၄၀၂၉၈၈ သို႔ ဆက္သြယ္ လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

ဓါတ္ပံု - #စိုင္းငယ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ လေယာဉ်ကွင်း အနောက်ဖက်၊ ဝမ်ယန်းအာခါရွာအနီးရှိ ပုဗ္ဗာရုံတောရဘုန်းကြီးကျောင်းရှိ ယာယီဓမ္မာရုံဝါးကျောင်းမှာ ၂၀၁၈ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်းနံရံပြိုကျ၍ ပျက်စီးသွားသည့်အတွက် အလှူရှင်များ လိုအပ်နေလျှက်ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတွန်းအားကြောင့် ပုဗ္ဗာရုံတောရကျောင်း၏ မြေထိန်းအုတ်တံတိုင်း နံရံပြိုကျပြီး ကျောင်းဝန်းအတွင်း ယောဂီများ တရားအားထုတ်သည့် ယာယီဓမ္မာရုံဝါးကျောင်းမှာ မြေသားများပိ၍ ပြိုကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ဓမ္မာရုံအသစ်ပြန်လည် တည်ဆောက်ရေးအတွက် ဆက်သွယ်လှူဒါန်းလိုသူများ အနဖြေင့် ပုဗ္ဗာရုံတောရဘုန်းကြီးကျောင်း၏ ဆရာတော် ဦးကုမာရ၏ ဖုန်း ဝ၉ ၇၇၂၄၀၂၉၈၈ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - #စိုင်းငယ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~