အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖင့္ က်င္းပျပဳလုပ္သည့္ စာစီစာကံုးၿပိဳင္ပြဲသို႔ တာခ်ီလိတ္ခရိုင္အတြင္းရွိ ေက်ာင္းမ်ားမွ ေက်ာင္းသား/သူ (၅၂)ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖင့္ က်င္းပျပဳလုပ္သည့္ စာစီစာကံုးၿပိဳင္ပြဲသို႔ တာခ်ီလိတ္ခရိုင္အတြင္းရွိ ေက်ာင္းမ်ားမွ ေက်ာင္းသား/သူ (၅၂)ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္
ဇွန် 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးစားမႈႏွင့္ တရားမ၀င္ ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အႀကိဳအျဖစ္ (၂၁)ႀကိမ္ေျမာက္ စာစီစာကံုး ၿပိဳင္ပြဲအား အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)တြင္ ၂၀၁၈ခုႏွစ္ ဇြန္လ(၁၇)ရက္ေန႔ နံနက္က က်င္းပျပဳလုပ္ရာ ေက်ာင္းသား/သူ စုစုေပါင္း (၅၂)ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲတြင္ တာခ်ီလိတ္ခရိုင္အတြင္းရွိ အစိုးရေက်ာင္းမ်ား ႏွင့္ ကိုယ္ပိုင္ေက်ာင္းမ်ားမွ အထက္တန္း အဆင့္ ေက်ာင္းသား၊ ေက်ာင္းသူ(၂၅)ဦး ႏွင့္ အလယ္တန္း အဆင့္မွ ေက်ာင္းသား၊ ေက်ာင္းသူ (၂၇)ဦး စုစုေပါင္း (၅၂)ဦး ပါ၀င္ ယွဥ္ၿပိဳင္ျခင္း ျဖစ္ေၾကာင္း သိရသည္။

စာစီစာကံုးၿပိဳင္ပြဲအား တာခ်ီလိတ္ခရိုင္ မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားအႏၱရာယ္ တားဆီးကာကြယ္ေရး အဖြဲ႔ မွ ႀကီးမွဴးကာ က်င္းပျခင္းျဖစ္ၿပီး ၿပိဳင္ပြဲသို႔ စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ ႏွင့္ မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ား အႏၱရာယ္တားဆီးကာကြယ္ေရး အဖြဲ႔  ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ ဒုတိယဥကၠဌ ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီးေပၚထြန္း ႏွင့္ အဖြဲ႔၀င္မ်ား၊ မူးယစ္ေဆး၀ါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖဲြ႕၊ တပ္ဖဲြ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔စုမွဴး ရဲမွဴး စုိးႏုိင္ အပါအ၀င္ တာ၀န္ရွိသူမ်ားမွ ၿပိဳင္ပြဲ၀င္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ၾကည့္ရႈအားေပးခဲ့ၾကေၾကာင္း သိရသည္။

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးစားမႈႏွင့္ တရားမ၀င္ ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အႀကိဳအျဖစ္ (၂၁)ႀကိမ္ေျမာက္ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ ႏွင့္ကြန္ပ်ဴတာ ၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕ရွိ အထက(ဆန္ဆုိင္း)တြင္ ေမလ(၁၉)ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း ႏွင့္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးစားမႈႏွင့္ တရားမ၀င္ ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ ဇြန္လ(၂၆)ရက္ေန႔ နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္ ၊ တိုးႀကီး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် (၂၁)ကြိမ်မြောက် စာစီစာကုံး ပြိုင်ပွဲအား အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ၂၀၁၈ခုနှစ် ဇွန်လ(၁၇)ရက်နေ့ နံနက်က ကျင်းပပြုလုပ်ရာ ကျောင်းသား/သူ စုစုပေါင်း (၅၂)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် တာချီလိတ်ခရိုင်အတွင်းရှိ အစိုးရကျောင်းများ နှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး နှင့် အလယ်တန်း အဆင့်မှ ကျောင်းသား၊ ကျောင်းသူ (၂၇)ဦး စုစုပေါင်း (၅၂)ဦး ပါဝင် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

စာစီစာကုံးပြိုင်ပွဲအား တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ မှ ကြီးမှူးကာ ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ နှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ဒုတိယဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်း နှင့် အဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူး စိုးနိုင် အပါအဝင် တာဝန်ရှိသူများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ် (၂၁)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ နှင့်ကွန်ပျူတာ ပြိုင်ပွဲအား တာချီလိတ်မြို့ရှိ အထက(ဆန်ဆိုင်း)တွင် မေလ(၁၉)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း နှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ဇွန်လ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်၊ တိုးကြီး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~