ကျောက်မဲမြို့နယ်အတွင်း ပဋိပက္ခနယ်မြေများတွင် မဲရုံထားရှိရန်နှင့် ပတ်သက်၍ အခက်အခဲရှိကြောင်း တင်ပြမှု မရှိသေး

ကျောက်မဲမြို့နယ်အတွင်း ပဋိပက္ခနယ်မြေများတွင် မဲရုံထားရှိရန်နှင့် ပတ်သက်၍ အခက်အခဲရှိကြောင်း တင်ပြမှု မရှိသေး
သြဂုတ် 17, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း ပဋိပက္ခနယ်မြေများတွင် မဲရုံထားရှိရန်နှင့် ပတ်သက်၍ အခက်အခဲရှိကြောင်း တင်ပြမှု မရှိသေး
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းရှိ ပဋိပက္ခနယ်မြေများတွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံထားရှိရန် အခက်အခဲရှိကြောင်း  တင်ပြမှု မရှိသေးကြောင်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့တွင် ပြောသည်။
“ထိတွေ့မှုတွေ၊ ပစ်ခတ်မှုတွေ ရှိတတ်တဲ့ နယ်မြေတွေမှာလည်း လောလောဆယ်အထိ မဲရုံ မကျင်းပနိုင်ကြောင်း တင်ပြလာတာမျိုး တစ်ခုမှ မရှိသေးပါဘူး။ ယခု ကြေညာထားပေးတဲ့ ပထမအကြိမ် မဲဆန္ဒရှင် စာရင်းမှာလည်း အဲဒီလို ကျေးရွာ၊ ရပ်ကွက်တွေက မဲဆန္ဒရှင်တွေ အမည်စာရင်းပါပြီးသား ဖြစ်ပါတယ်” ဟု မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဌ ဦးစိုးထွန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားတတ်သည့် နယ်မြေများ အပါအဝင်  ကျေးရွာအုပ်စု (၇၀) နှင့် ရပ်ကွက်ကြီး (၂၀) တွင် ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းကပ်ထားကြေညာပြီးသည်အထိ မဲရုံထားရှိရန် အခက်အခဲရှိကြောင်း တင်ပြလာခြင်း မရှိသေးကြောင်း သိရသည်။
“၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အခါမှာ ကျေးရွာအုပ်စု တစ်ခုတိုင်းမှာပါတဲ့  ကျေးရွာအားလုံးထိ ရွာတိုင်းစေ့ မဲဆန္ဒရှင်စာရင်းကို လိုက်ကပ်ထားပြီး ကြေညာပေးထားပါတယ်။ အရင်လို ကျေးရွာအုပ်စုထိ သွားကြည့်စရာမလိုဘဲ ကိုယ့်ရွာမှာတင် စစ်ဆေးနိုင်အောင် လုပ်ဆောင်ပေးထားတာပါ။ မဲဆန္ဒရှင်တွေဘက်က မိမိတို့အမည်နဲ့ အချက်အလက်တွေ မှန်ကန်မှု ရှိမရှိဆိုတာကို သွားကြည့်ပြီးတော့ မှားနေတာရှိရင် အကြောင်းကြားပေးဖို့ပဲ လိုပါတယ်”ဟု   ကျောက်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ  တာဝန်ရှိသူ ဒေါ်နန်းနိုနိုလတ်က ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတတ်သော ဒေသများနှင့် တိုက်ပွဲရှောင်နေသူများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက်လည်း ဆောင်ရွက်ပေးနေသည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~