ဆိုင်ကယ်ဖင်ထိုင်ခုံအောက်တွင် ထည့်ထားသည့် ငွေ(၃၅)သိန်းကို ခိုးယူသူ လူငယ် (၂)ဦးအား နာရီပိုင်းအတွင်း ဖမ်းမိ

ဆိုင်ကယ်ဖင်ထိုင်ခုံအောက်တွင် ထည့်ထားသည့် ငွေ(၃၅)သိန်းကို ခိုးယူသူ လူငယ် (၂)ဦးအား နာရီပိုင်းအတွင်း ဖမ်းမိ
သြဂုတ် 6, 2020
By Tachileik News Agency
ဆိုင်ကယ်ဖင်ထိုင်ခုံအောက်တွင် ထည့်ထားသည့် ငွေ(၃၅)သိန်းကို ခိုးယူသူ လူငယ် (၂)ဦးအား နာရီပိုင်းအတွင်း ဖမ်းမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့ နံနက်ပိုင်းက ဆိုင်ကယ်ဖင်ထိုင်ခုံအောက် ထည့်ထားသည့်ငွေကို ခိုးယူထွက်ပြေးသည့် လူငယ်အမျိုးသား (၂) ဦးအား နာရီပိုင်းအတွင်း ဖမ်းမိလိုက်ကြောင်း သိရသည်။

သြဂုတ်လ (၆) ရက်နေ့ နံနက် (၁၀) နာရီခွဲဝန်းကျင်တွင် ဦးဝေလင်းသည် ကျောက်မဲ ကမ္ဘောဇဘဏ်မှ  ငွေကျပ် (၃၅) သိန်းကို ထုတ်ယူခဲ့ပြီး ၎င်းစီးလာသည့် ဆိုင်ကယ်တူးဘောက်စ်အတွင်း ထည့်ကာ ရပ်ကွက်( ၁ ) အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဆိုင်ကယ်ကိုရပ်ထားခဲ့စဉ် ခိုးယူခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဦးဝေလင်းသည် ရပ်ကွက် (၁) ရုံးအတွင်းသို့ နာရေးဖိတ်စာသွားပေးနေစဉ်  ဆိုင်ကယ်စီး အမျိုးသား (၂)ဦးမှ ဦးဝေလင်း ရပ်ထားသည့် ဆိုင်ကယ်နံဘေးရောက်လာပြီး ဆိုင်ကယ်တူးဘောက်စ်အတွင်းမှ ငွေထုပ်ကို နှိုက်ယူနေသည်ကို တွေ့ရသဖြင့် ဦးဝေလင်းက အော်ဟစ်အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသွားသူ (၂)ဦးကို ရပ်ကွက် (၂) ၊ နယ်မြေ (၉) ကံ့ကော်လမ်းရှိ ပတ်ဝန်းကျင်က ဝိုင်းဝန်းဖမ်းဆီးရာ (၁)ဦးကို ချက်ချင်းဖမ်းမိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်း တပ်ဖွဲ့များက လိုက်လံ ဖမ်းဆီးပေးခဲ့သဖြင့်  ကျန် (၁)ဦးကို ရပ်ကွက် (၁)၊ သစ်တောလမ်းအတွင်းမှ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ငွေများအား ခိုးယူထွက်ပြေးကြသည့် အသက် (၂၂)နှစ်အရွယ် ဆွေလှိုင်ဦးနှင့်  အသက် (၂၀)အရွယ် ဇင်မျိုးထက်တို့ကို မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့၌ နေထိုင်ကြသူတို့ (၂) ဦးကို ( ပ ) ၇၅/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၇၉ ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~