တာချီလိတ်ခရိုင်အတွင်း တာလေမြို့ နားအွန်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်ခရိုင်အတွင်း တာလေမြို့ နားအွန်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဇူလိုင် 9, 2020
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်း တာလေမြို့ နားအွန်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ နားယောင်းကျေးရွာအုပ်စုအတွင်း ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေကြောင်းသိရသည်။

တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ နားအွန်ကျေးရွာ၏ ရွာလည်လမ်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ ၂၀၂၀ခုနှစ် ဇူလိုင်လ (၈)ရက်နေ့ နေ့လည်ပိုင်းက စောင့်ဆိုင်းစဉ် အသက်(၄၅)နှစ်ရှိ ရှားဟီဆိုသူ အမျိုးသားတစ်ဦးသည် ဆိုင်ကယ်မောင်းလာရာ ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့်  ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၀,၀၀၀)ပြား နှင့် ဘိန်းစိမ်း အလေးချိန် (၃.၅)ကီလို အပါအဝင် လက်ကိုင်ဖုန်း (၁)လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိ၍ မူးယစ်ဆေးဝါးသယ်ဆောင်လာသူအား ဆက်လက် စစ်ဆေးမှုများ ပြုလုပ်ရာက ၎င်း၏ နေအိမ်တွင်  စိတ်ကြွရူးသွပ်ဆေးပြား (၁၃၀,၀၀၀)ပြားကို ထပ်မံသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အသက်(၄၅)နှစ်ရှိ ရှားဟီ ဆိုသူထံက စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၆၀,၀၀၀)ပြားကို သိမ်းဆည်းရမိသည့်အတွက် ဖမ်းဆီးအရေးယူထားပြီး တာလေနယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေလျက်ရှိကြောင်း နှင့် ကွင်းဆက်များ ဆက်လက်ဖော်ထုတ်ဖမ်းမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~