အင်္ဂလန်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသားတစ်ဦးတွင် COVID 19 ပိုးတွေ့

အင်္ဂလန်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသားတစ်ဦးတွင် COVID 19 ပိုးတွေ့
ဇူလိုင် 8, 2020
By Tachileik News Agency

အင်္ဂလန်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသားတစ်ဦးတွင် COVID 19 ပိုးတွေ့ 

အင်္ဂလန်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသားတစ်ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၌ ဓာတ်ခွဲအဖြေရလာ၍ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၃၁၇)ဦး ရှိပြီဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)၊ ဆေးသုတေသနဦးစီးဌာန (DMR)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine)နှင့်  ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀)တို့တွင် ဇူလိုင်လ (၈)ရက်နေ့က ဓာတ်ခွဲနမူနာ စုစုပေါင်း (၁,၄၀၃)ခုအားစစ်ဆေးခဲ့ရာ အတည်ပြုလူနာ (၁)ဦးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အတည်ပြုလူနာ (၃၁၇)ဦးအနက် (၆)ဦးသေဆုံးသွားပြီး (၂၃၃)ဦး ဆေးရုံဆင်းခွင့်ရထားပြီဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~