ရှမ်းပြည်နယ်(‌ မြောက်ပိုင်း ) ကျောက်မဲမြို့တွင် တစ်လတာ ကာလအတွင်း mask မတပ်၍ ကျပ်(၂၀၀)ဒဏ်ငွေဆောင်ရသူ (၄၀၀)ကျော်ရှိပြီး ဆိုင်ထိုင်စား စနစ်ဖြင့် ရောင်းချသည့် စားသောက်ဆိုင် (၁၆)ဆိုင်ကို အရေးယူထား

ရှမ်းပြည်နယ်(‌ မြောက်ပိုင်း ) ကျောက်မဲမြို့တွင် တစ်လတာ ကာလအတွင်း mask မတပ်၍ ကျပ်(၂၀၀)ဒဏ်ငွေဆောင်ရသူ (၄၀၀)ကျော်ရှိပြီး ဆိုင်ထိုင်စား စနစ်ဖြင့် ရောင်းချသည့် စားသောက်ဆိုင် (၁၆)ဆိုင်ကို အရေးယူထား
နိုဝင်ဘာ 12, 2020
By Tachileik News Agency

 

ရှမ်းပြည်နယ်(‌ မြောက်ပိုင်း ) ကျောက်မဲမြို့တွင် တစ်လတာ ကာလအတွင်း mask မတပ်၍ ကျပ်(၂၀၀)ဒဏ်ငွေဆောင်ရသူ (၄၀၀)ကျော်ရှိပြီး ဆိုင်ထိုင်စား စနစ်ဖြင့် ရောင်းချသည့် စားသောက်ဆိုင် (၁၆)ဆိုင်ကို အရေးယူထား
ရှမ်းပြည်နယ်(‌ မြောက်ပိုင်း ) ကျောက်မဲမြို့တွင် စည်ပင်နယ်နိမိတ်အတွင်း  Covid-19 ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask) မတပ်ဆင်သူများကို ကျပ်ငွေ(၂၀၀)ပေးဆောင်စေသည့် စနစ်အား လုပ်ဆောင်ရာ (၁)လဝန်းကျင်အတွင်း ဒဏ်ငွေပေးဆောင်ရသူ လူဦးရေ စုစုပေါင်း (၄၀၀)ကျော်ရှိခဲ့ပြီး ဆိုင်ထိုင်စား စနစ်ဖြင့် ရောင်းချသည့် ဆိုင်ပေါင်း (၁၆)ဆိုင်ကိုလည်း အရေးယူခဲ့ကြောင်း သိရသည်။
“လက်ရှိအချိန်ထိက နှာခေါင်းစည်း(Mask)မတပ်ဆင်တဲ့ ဈေးရောင်းသူ/ ဈေးဝယ်သူ ဦးရေ စုစုပေါင်း(၄၀၉)ဦးကို ကျပ် (၂၀၀)စီ ဒဏ်ငွေဆောင်စေပြီး Mask တပ်ဖို့ အသိပညာပေးလုပ်ထားပါတယ်၊ ပါဆယ်စနစ် ( Take Away )ကို မလိုက်နာဘဲ ဆိုင်ထိုင်စားအနေနဲ့ရောင်းချနေတဲ့ဆိုင် စုစုပေါင်း (၁၆)ဆိုင်ကိုလဲ စည်းကမ်းမလိုက်နာလို့ (၇)ရက် ရောင်းချခွင့်ပိတ်ထားစေခဲ့တာရှိပါတယ်” ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေး ဌာနမှ အမှူဆောင်အရာရှိ ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၂၀ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့က အဆိုပါ စနစ်ကို စတင်လုပ်ဆောင်ခဲ့ပြီး နိုဝင်ဘာလ(၁၂)ရက်အထိ အရေးယူခဲ့သည့် အရေအတွက် ဖြစ်သည်။

 

လူထုအကြား Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရေး အတွက် ၂၀၂၀ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့က ရက်နေ့က စတင်၍ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသည့် ဈေးဆိုင်များနှင့် ဈေးဝယ်သူများ နှာခေါင်းစည်း(Mask) မတပ်ဆင်သည်ကို တွေ့ရှိပါက ကျပ် (၂၀၀)ဒဏ်ငွေဆောင်စေခြင်းဖြစ်ပြီး စတင်သည့်နေ့၌ လူဦးရေ (၈၂)ဦးကို ဒဏ်ငွေဆောင်စေနိုင်ခဲ့ကာ လက်ရှိ အချိန်ထိ (၄၀၉)ဦးရှိပြီဖြစ်ပြီး အဆိုပါ ဒဏ်ငွေများကို Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ အပ်နှံ သွားမည်ဟု သိရသည်။
ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် ကျောက်မဲမြို့ရှိ ညဈေးတန်းကိုလဲ မတ်လ (၂၉)ရက်က စတင်၍ ရောင်းချခွင့် ယာယီပိတ်ထားခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားချက်ထုတ်ထားခြင်းဖြစ်ကာ ညွှန်ကြားချက်အား လိုက်နာမှုရှိ မရှိကို မြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးဆောင်ကာ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ကိုဗစ်ကော်မတီတို့ ပါဝင်သည့် အဖွဲ့ (၈)ဖွဲ့ဖြင့် ရှောင်တခင်လိုက်လံစစ်ဆေးလျက်ရှိသည်ဟု သိရသည်။
စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဈေးရောင်း ဈေးဝယ်များ နှာခေါင်းစည်း(Mask) မတပ်ဆင်ပါက ဒဏ်ငွေ ကျပ် (၂၀၀)ပေးဆောင်ရန် လိုက်လံစစ်ဆေးနေသော်လည်း အခြားမြို့များကဲ့သို့ လမ်းသွားလမ်းလာများ နှာခေါင်းစည်း(Mask) တပ်ဆင်မှုရှိ မရှိ စစ်ဆေး ဒဏ်ငွေဆောင်စေသည့် စနစ်ကို မပြုလုပ်နိုင်သေးသည်မှာ လက်ရှိ ဒေသ အခြေအနေကြောင့် ဖြစ်သည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
 
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~