ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းတို့မှ COVID 19 ဓာတ်ခွဲနမူနာ (၂၅)ခုကို ဇွန်လ(၇)ရက်နေ့တွင် ရန်ကုန်သို့ ပို့စစ်ထား

ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းတို့မှ COVID 19 ဓာတ်ခွဲနမူနာ (၂၅)ခုကို ဇွန်လ(၇)ရက်နေ့တွင် ရန်ကုန်သို့ ပို့စစ်ထား
ဇွန် 7, 2020
By Tachileik News Agency

ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းတို့မှ COVID 19 ဓာတ်ခွဲနမူနာ (၂၅)ခုကို ဇွန်လ(၇)ရက်နေ့တွင် ရန်ကုန်သို့ ပို့စစ်ထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းတို့မှ COVID 19 ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၅) ခုကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့တွင် ရန်ကုန်သို့ ပို့စစ်ထားကြောင်း သိရသည်။

ကျိုင်းတုံဆေးရုံမှ စောင့်ကြည့်လူနာ (PUI) (၄)ဦးနှင့် မိုင်းဆတ်ဆေးရုံမှ စောင့်ကြည့်လူနာ (၁)ဦး၊ မိုင်းဆတ်မှ Facility Quarantine (၆) ဦး၊ မိုင်းယောင်းမြို့မှ Facility Quarantine (၂) ဦး၊ ကျိုင်းတုံမှ Facility Quarantine (၁) ဦး၊  အတည်ပြုလူနာအား ကုသပေးသည့် အဖွဲ့မှ ဆရာဝန်နှင့် အခြားကျန်းမာရေးဝန်ထမ်းစုစုပေါင်း (၁၁)ဦး၏ ဓာတ်ခွဲနမူနာများကို ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဇွန်လ (၇)ရက်နေ့အထိ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းတို့မှ ဓာတ်ခွဲနမူနာပို့စစ်ထားသူ (၂၅)ဦးရှိပြီး ဓာတ်ခွဲအဖြေစောင့်နေသူ တာချီလိတ်မှ (၇၇)ဦးရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဇွန်လ (၇)ရက်နေ့ ည (၇)နာရီခွဲအချိန်ထိ အတည်ပြုလူနာ (၂၄၀)ဦးရှိနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~