တာချီလိတ်ရှိ စားသောက်ဆိုင်များကို Covid-19 ကာကွယ်ရေးလုပ်ရန် အတွက် အသိစိတ်ဖြင့် ပါဝင် ပူးပေါင်းလာရေး ဦးစားပေး လုပ်ဆောင်မည်

တာချီလိတ်ရှိ စားသောက်ဆိုင်များကို Covid-19 ကာကွယ်ရေးလုပ်ရန် အတွက် အသိစိတ်ဖြင့် ပါဝင် ပူးပေါင်းလာရေး ဦးစားပေး လုပ်ဆောင်မည်
ဇွန် 13, 2020
By Tachileik News Agency
တာချီလိတ်ရှိ စားသောက်ဆိုင်များကို Covid-19 ကာကွယ်ရေးလုပ်ရန် အတွက် အသိစိတ်ဖြင့် ပါဝင် ပူးပေါင်းလာရေး ဦးစားပေး လုပ်ဆောင်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Covid-19 ကာကွယ်ရေးအစီအစဉ်များဖြင့် စားသောက်ဆိုင်များကို ပြန်လည်ဖွင့်ခွင့်ပေးရာတွင် အရေးယူကြပ်မတ်ခြင်းထက် ဆိုင်ရှင်များက အသိစိတ်ဖြင့် ပူးပေါင်းလိုက်နာဆောင်ရွက်လာရေးကို အလေးထားလုပ်ဆောင်နေသည်ဟု စည်ပင်သာယာရေးဌာနထံမှ သိရသည်။

နိုင်ငံတော်က ထုတ်ပြန်ချက်တွေကို မေတ္တာရပ်ခံချက်နဲ့ ချိန်ညှိပြီးလုပ်ရတာပေါ့။  ရောဂါကာကွယ်ရေးကာလဆိုတော့။ ရောဂါဖြစ်ပွားနေလို့ စီမံကွပ်ကဲတဲ့အချိန်နဲ့  ရောဂါထိန်းချုပ်ပြီးကြိုတင်ပြင်ဆင်တဲ့အချိန်နဲ့ သဘော သဘာဝခြင်းတော့ မတူဘူးပေါ့။ နိုင်ငံတော်အတိုင်ပင်ခံကလည်း ဘယ်လိုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မလဲ၊ ဘယ်လောက်ထိကောင်းအောင် လုပ်နိုင်မလဲဆိုတာ ဆိုင်ရှင်တွေကို မေတ္တာရပ်ခံထားတယ်။ မေတ္တာရပ်ခံချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို သွားနေတာ။ အမိန့်အာဏာနဲ့ မဟုတ်ပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနက လိုက်နာဆောင်ရွက်ရမယ့် သိရှိရမယ့်အချက်တွေ ထုတ်ပြန်တာပေါ့။ အဲဒီအပေါ်မှာအခြေခံပြီးတော့ ကိုယ့်ဒေသ၊ ကိုယ့်အခြေအနေနဲ့ ဘယ်လိုအကောင်းဆုံးလုပ်မလဲဆိုတာ စဉ်းစားရတာပေါ့။ စည်းကမ်းချက်တစ်ချက်ချင်းအပေါ်မှာ သူတို့ကို အပြစ်ပေးအရေးယူမယ့်ပုံစံတွေ တားမြစ်ပိတ်ပင်တာတွေ မဟုတ်ပါဘူး။ စားသုံးသူနဲ့ ဆိုင်ရှင်နဲ့ အုပ်ချုပ်စီမံတဲ့အဖွဲ့တွေနဲ့ ပေါင်းစပ်ပြီး အကောင်းဆုံး လိုက်နာဆောင်ရွက်နိုင်ဖို့ အကောင်အထည်ဖော်နေတာပေါ့

ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည့် စားသောက်ဆိုင်များ လိုက်နာရမည့် စည်းကမ်းချက် (၈) ချက်ကို လိုက်နာဆောင်ရွက်နိုင်သည့် ဆိုင်များအား ၂၀၂၀ ခုနှစ် ဇွန်လ (၁၁) ရက်နေ့မှစ၍ စိစစ်ပြီး ဖွင့်ခွင့်ပြုနေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် လမ်းမကြီးများဘေးနှင့် ဆိုင်ခန်းဖွင့်လှစ်ရောင်းချသည့် စားသောက်စရာ ရောင်းချသည့် ဆိုင်ပေါင်း (၄၀၀) ကျော်ရှိနေသည့်အနက် ဆိုင်ခန်းများဖြင့် ဖွင့်လှစ်ရောင်းချသည့် စားသောက်ဆိုင် (၁၀၀) ကျော်ရှိပြီး ဇွန်လ (၁၂)ရက်နေ့အထိ ဆိုင်ပြန်လည်ဖွင့်လှစ်ခွင့်တင်ပြထားသည့် ဆိုင်ပေါင်း (၁၃)ဆိုင်ကို ဖွင့်ခွင့်ပြုထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~