အစိုးရနှင့် ပုဂ္ဂလိက မူကြိုကျောင်းများအားလုံး ဇွန်လ(၁၅)ရက်နေ့အထိ ဆက်လက်ပိတ်ထားရမည်

အစိုးရနှင့် ပုဂ္ဂလိက မူကြိုကျောင်းများအားလုံး ဇွန်လ(၁၅)ရက်နေ့အထိ ဆက်လက်ပိတ်ထားရမည်
ဇွန် 1, 2020
By Tachileik News Agency

အစိုးရနှင့် ပုဂ္ဂလိက မူကြိုကျောင်းများအားလုံး ဇွန်လ(၁၅)ရက်နေ့အထိ ဆက်လက်ပိတ်ထားရမည်

Covid-19 ကူးစက်ရောဂါပြန့်ပွားမှု ကာကွယ်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက မူကြိုကျောင်းများအားလုံးကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့အထိ ပိတ်ထားရန် လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

တိုင်းနဲ့ပြည်နယ်တွေ အကုန်လုံးမှာရှိတဲ့ မူကြိုတွေအားလုံးရဲ့ ပိတ်ရက်ကို ဇွန်လ (၁၅) ရက်အထိ တိုးဖို့ညွှန်ကြားချက် ထွက်ထားပါတယ်။ ကျောက်မဲခရိုင်ထဲက မူကြိုအားလုံးလည်း အဲဒီရက်အထိ ပိတ်ထားမှာပါ

ဟု ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ရီရီက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၁) ရက်နေ့တွင် ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မူကြိုများနှင့် ဌာနလက်အောက်ရှိ ပုဂ္ဂလိကမူကြိုများအား ဇွန်လ (၁၅) ရက်နေ့အထိ ပိတ်ထားရန် ထုတ်ပြန်ချက်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မေလ (၂၉) ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကျောက်မဲခရိုင်တစ်ခုလုံး၌ လူမှုဝန်ထမ်းဦးစီးဌာနဖွင့်လှစ်ထားသည့် မူကြိုများနှင့် ပုဂ္ဂလိကမူကြို စုစုပေါင်း မူကြိုကျောင်း (၅၀) ကျော်ရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~