လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား (၂၀၀)ကျော်ကို ဇွန်လ(၂၄)ရက်နေ့တွင် လက်ခံပေးရန်အတွက် ဝမ်ပုံဆိပ်ကမ်း၌ ပြင်ဆင်ထား

လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား (၂၀၀)ကျော်ကို ဇွန်လ(၂၄)ရက်နေ့တွင် လက်ခံပေးရန်အတွက် ဝမ်ပုံဆိပ်ကမ်း၌ ပြင်ဆင်ထား
ဇွန် 23, 2020
By Tachileik News Agency

လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား (၂၀၀)ကျော်ကို ဇွန်လ(၂၄)ရက်နေ့တွင် လက်ခံပေးရန်အတွက် ဝမ်ပုံဆိပ်ကမ်း၌ ပြင်ဆင်ထား

လာအိုနိုင်ငံတွင် ရောက်ရှိ အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနက် နေရပ်ပြန်ရန် စာရင်းပေး တင်ပြလာသည့် (၂၀၀)ကျော်ကို ၂၀၂၀ခုနှစ် ဇွန်လ(၂၄)ရက်နေ့ နံနက်တွင် လက်ခံပေးရေးအတွက် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းတွင် ဇွန်လ(၂၃)ရက်နေ့ ညနေပိုင်းက ပြင်ဆင်ထားရှိပြီဖြစ်သည်။

နေရပ်ပြန်များကို လွှဲပြောင်းပေးရာသို့ လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းမှ လဝကမှူးကြီး နှင့် ရွှေတြိဂံအထူးစီးပွားရေးဇုန်အုပ်ချုပ်ရေးမှူး အပါအဝင် ဘိုကီယိုခရိုင် နိုင်ငံခြားရေးဌာနတို့မှ တာဝန်ရှိသူတို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာဘက်မှ တာဝန်ရှိသူများက လာအိုင်နိုင်ငံ မိုင်းမောဆိပ်ကမ်းတွင် သွားရောက်လက်ခံပေးမည်ဖြစ်ပြီး တာချီလိတ်ဘက်သို့ ရောက်ရှိလာသူများကို ကိုယ်ရေးအချက်အလက် စိစစ်ခြင်း ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးပြီး တိုင်းနှင့်ပြည်နယ်များတွင် နေထိုင်သူများကို ဒေသအသီးသီးသို့ ပြန်ရန်အတွက် မော်တော်ယာဉ်လိုင်းများ တခါတည်း စီစဉ်ပေးထားမည် ဖြစ်သော်လည်း နေရပ်ပြန်များအနေဖြင့် ယာဉ်စီးခများကို မိမိတို့ အစီအစဉ်ဖြင့်သာ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံမှ ပြန်လာသူများတွင် တာချီလိတ်၌ နေထိုင်သူများလည်း ပါဝင်မည်ဖြစ်ရာ တာချီလိတ်တွင် နေထိုင်သူများ အနေဖြင့် မိမိတို့နေအိမ်တွင် Quarantine ဝင်ရမည် မဟုတ်ဘဲ တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာ၏ facility quarantine centre တွင် Covid-19 ပိုးစစ်ဆေးရန်အတွက် ရက်တို quarantine ဝင်ရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲမြင့်ဦး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~