တာချီလိတ်တွင် Covid-19 ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း (၃၂) လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား

တာချီလိတ်တွင် Covid-19 ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း (၃၂) လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား
ဇွန် 19, 2020
By Tachileik News Agency

တာချီလိတ်တွင် Covid-19 ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း (၃၂) လုံးကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အတွင်းရှိ လိုင်စင်ရ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများထဲမှ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၂၅) လုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးနောက် ဇွန်လ(၁၈)ရက်နေ့က နောက်ထပ် ဟိုတယ်နှင့်တည်းခိုရိပ်သာ (၇)လုံးကို  ခွင့်ပြုပေးလိုက်သည့်အတွက် တာချီလိတ်တွင် Covid-19 ကာလတွင်း ပြန်လည်ဖွင့်လှစ်ခွင့်ရသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း (၃၂)လုံး ရှိလာပြီဖြစ်သည်။

၂၀၂၀ခုနှစ် ဇွန်လ(၁၈)ရက်နေ့က  ဇန်းမွန်အာခါဟိုတယ်၊ May Motel၊ Crown Hotel၊  ကြယ်တံခွန် မိုတယ်၊ ရှမ်းရွှေမြန်မာဟိုတယ်၊ ရွှေနန်းဟော် တည်းခိုရိပ်သာ နှင့် ကမ်းနားဟိုတယ်တို့ကို ဖွင့်လှစ်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

သတ်မှတ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့် တင်ပြထားသည့် တာချီလိတ်မြို့မှ ရွှေဘူးသီးဟိုတယ်၊ Baitong Hotel ၊ Royal Yadanar Hotel၊ ရွှေစင် (၂)ဟိုတယ်၊ ရွှေရေကန်ဟိုတယ်၊ မဲခေါင်မြစ်ဟိုတယ်၊ ရွှေမိသားစုဟိုတယ်၊ မြလင်းပွင့်ဟိုတယ်၊ 1G1 7 Hotel၊ 1G1 8 Hotel၊ ဆင်ဖြူမင်းဟိုတယ်၊ Loma Hotal ၊ Rose Myanmar Hotel၊ Golden Cherry Hotel ၊ ဆန်ဆိုင်းဟိုတယ်၊ Hotel Tachileik ၊ စန္ဒာလင်းတည်းခိုရိပ်သာ၊ Platinum Star နှင့် Green Mountain တို့ကို မေလ(၂၉)ရက်နေ့က  ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်သည်။

ယင်းအပြင် ၂၀၂၀ခုနှစ် ဇွန်လ(၉)ရက်နေ့က  ZION Hotel ၊ Golden Lucky Motel ၊ The Nich Motel ၊ Sweet Dream World Motel ၊ Shang Harn Hotel နှင့် ရွှေနဂါးမိုတယ် တို့ကိုလည်း  ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးထားခြင်းဖြစ်သည်။

တာချီလိတ်တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုလိုင်စင်ဖြင့် ဖွင့်လှစ်ခွင့်ရရှိထားသည့် ဟိုတယ်၊ မိုတယ် နှင့် တည်းခိုရိပ်သာ စုစုပေါင်းမှာ  (၅၄)လုံးအထိရှိနေသော်လည်း လက်ရှိတွင် Covid-19 ကာလအတွင်း ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားသည့် အရေအတွက်မှာ (၃၂)လုံးရှိနေသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~