တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းတွင် ကားတစ်စီးမှ ဓါတ်မီးတိုင်အား ဝင်တိုက်မိ၍ လျှပ်စစ်မီး ခေတ္တပြတ်တောက်ခဲ့

တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းတွင် ကားတစ်စီးမှ ဓါတ်မီးတိုင်အား ဝင်တိုက်မိ၍ လျှပ်စစ်မီး ခေတ္တပြတ်တောက်ခဲ့
ဇွန် 3, 2020
By Tachileik News Agency
တာချီလိတ်မြို့ လွယ်စီတုံသွားလမ်းတွင် ကားတစ်စီးမှ ဓါတ်မီးတိုင်အား ဝင်တိုက်မိ၍ လျှပ်စစ်မီး ခေတ္တပြတ်တောက်ခဲ့

တာချီလိတ်မြို့ လွယ်စတုံသွားလမ်းရှိ မြို့မီးလင်းရေးရုံး(ခွဲ)အနီးတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့ ည(၆)နာရီခွဲဝန်းကျင်က လမ်းဘေးဓါတ်တိုင်အား ဝင်တိုက်မိသည့် မော်တော်ယာဉ်မှ ယာဉ်မောင်းအမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်စဉ်ကို ယာဉ်ထိန်းတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

ယာဉ်မောင်းအမျိုးသမီးက မိုင်းယောင်းဘက်ကလို့ သိရတယ်။ ဆေးရုံပို့ထားတယ်။ ဒဏ်ရာကတော့ မပြင်းထန်ပါဘူး။ အမှုဖွင့်ဖို့ စစ်ဆေးဆဲဖြစ်ပါတယ်

ဟု အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် မော်တော်ယာဉ်တစ်ခြမ်းမှာ ပျက်စီးသွားပြီး မီးတိုင် (၂)တိုင် လဲကျသွားခဲ့ကာ မြို့ပေါ်ရပ်ကွက် (၅)ခုတွင် ယာယီလျှပ်စစ်မီးပြတ်တောက်သွားခဲ့ရသည်။

လူနာကို ဆေးရုံမှာ ပို့ထားပါပြီ။ အခြေအနေက မစိုးရိမ်ရပါဘူး

ဟု လူနာအား အခင်းဖြစ်နေရာမှ ဆေးရုံသို့ သယ်ဆောင်ပေးသည့် တာချီလိတ်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့် မော်တော်ယာဉ်တွင် ယာဉ်မောင်း အမျိုးသမီးတစ်ဦးသာ ပါဝင်ပြီး အခြားထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~