အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူ (၁၁)ဦးတွင် Covid-19 ပိုး တွေ့

အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူ (၁၁)ဦးတွင် Covid-19 ပိုး တွေ့
ဇွန် 11, 2020
By Tachileik News Agency
အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူ (၁၁)ဦးတွင် Covid-19 ပိုး တွေ့

အိန္ဒိယနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသူ (၁၁)ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၂၆၀)ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက  ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့ ည(၈)နာရီတွင် သတင်းထုတ်ပြန်ထားရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာ၍ ဘူးသီးတောင်မြို့နယ်၌ အသွားအလာကန့်သတ်ထားသည့် အမျိုးသား (၁)ဦးနှင့် အိန္ဒိယမှပြန်လာ၍ တောင်ဒဂုံနှင့် ဗိုလ်တစ်ထောင်မြို့နယ်တို့၌ အသွားအလာကန့်သတ်ထားသည့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၈)ဦးတို့တွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ (၁၁)ရက်နေ့တွင် ဓာတ်ခွဲနမူနာပေါင်း (၁၂၉၇)ခုအား ဓာတ်ခွဲဌာန (၄) ခု၌စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇွန်လ (၁၁)ရက်နေ့အထိ အတည်ပြုလူနာများတွင် ပြန်လည်ဓာတ်ခွဲစစ်ဆေးမှု၌ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့တော့သူ (၁၆၅)ဦးအနက် (၁၅၀)ဦး ဆေးရုံဆင်းကာ (၆)ဦးသေဆုံးသွားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~