သင်သိပါသလား …… Covid-19 ပြည်တွင်းလေကြောင်းခရီးသွားမယ်ဆိုရင် ဘာတွေလုပ်ဆောင် လိုက်နာရမလဲဆိုတာ

သင်သိပါသလား …… Covid-19 ပြည်တွင်းလေကြောင်းခရီးသွားမယ်ဆိုရင် ဘာတွေလုပ်ဆောင် လိုက်နာရမလဲဆိုတာ
ဇန်နဝါရီ 12, 2021 | Covid-19

သင်သိပါသလား …… 

Covid-19 ပြည်တွင်းလေကြောင်းခရီးသွားမယ်ဆိုရင် ဘာတွေလုပ်ဆောင် လိုက်နာရမလဲဆိုတာ

 ✈️ လေယာဉ်မစီးမီ (၃၆) နာရီအတွင်း COVID 19 စစ်ဆေးရန် သတ်မှတ်ပေးထားသည့်နေရာတွင် လေယာဉ်လက်မှတ်နှင့် မှတ်ပုံတင်ကိုပြ၍ ကျပ် (၁၀,၀၀၀) ပေးသွင်းပြီး COVID 19 စစ်ဆေးပါ။

 ✈️ Stay at home သတ်မှတ်ထားသည့်ဒေသမှ ခရီးသည်များ non - stay at home (stay at home မသတ်မှတ်ထားသည့်) ဒေသသွားပါက မိမိစရိတ်ဖြင့် Quarantine ဝင်ရမည်ဖြစ်ပြီး stay at home ဒေသအချင်းချင်းသွားလာပါက Quarantine ဝင်ရန်မလိုပါ။

 ✈️ Non stay at home ဒေသမှ ခရီးသည်များအနေဖြင့် မည်သည့်ဒေသသို့ သွားသည်ဖြစ်စေ Quarantine ဝင်ရန်မလိုပါ။

 ✈️ ခရီးသွားမည့် လမ်းကြောင်းတစ်လျှောက် COVID 19 ကာကွယ်ရေးအတွက် နှာခေါင်းစည်း စနစ်တကျတပ်ထားပါ၊ face shield တပ်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ အခြားအရာဝတ္ထု၊ ပစ္စည်းများကို ထိတွေ့မိထားသည့် လက်ဖြင့် ပါးစပ်၊ မျက်လုံးတို့ကို မထိကိုင်မိပါစေနဲ့၊ လက်ကို လက်သန့်ဆေးရည်ဖြင့် မကြာခဏဆေးကြောပါ။

 ✈️ ဒေသတစ်နှင့်တစ်ခု သတ်မှတ်ချက်များမတူညီသည့်အခါတွင်လည်း ဒေသန္တရအမိန့်များကိုလည်း လိုက်နာရပါမည်။