တာချီလိတ်မြို့ ချစ်ကြည်ရေးအမှတ်(၂)တံတား အနီး မြို့ရှောင်လမ်းဖေါက်မည့် ဧရိယာတွင် ပါဝင်နေသည့် မြေကွက်နှစ်ကွက်၏ ပိုင်ရှင်များ (၇)ရက်အတွင်း ဆက်သွယ်ရန် လိုအပ်တာချီလိတ်မြို့ ချစ်ကြည်ရေးအမှတ်(၂)တံတား အနီး မြို့ရှောင်လမ်းဖေါက်မည့် ဧရိယာတွင် ပါဝင်နေသည့် မြေကွက်နှစ်ကွက်၏ ပိုင်ရှင်များ (၇)ရက်အတွင်း ဆက်သွယ်ရန် လိုအပ်

တာချီလိတ်မြို့ ချစ်ကြည်ရေးအမှတ်(၂)တံတား အနီး မြို့ရှောင်လမ်းဖေါက်မည့် ဧရိယာတွင် ပါဝင်နေသည့် မြေကွက်နှစ်ကွက်၏ ပိုင်ရှင်များ (၇)ရက်အတွင်း ဆက်သွယ်ရန် လိုအပ်တာချီလိတ်မြို့ ချစ်ကြည်ရေးအမှတ်(၂)တံတား အနီး မြို့ရှောင်လမ်းဖေါက်မည့် ဧရိယာတွင် ပါဝင်နေသည့် မြေကွက်နှစ်ကွက်၏ ပိုင်ရှင်များ (၇)ရက်အတွင်း ဆက်သွယ်ရန် လိုအပ်
မေ 21, 2020
By Tachileik News Agency
တာချီလိတ်မြို့ ချစ်ကြည်ရေးအမှတ်(၂)တံတား အနီး မြို့ရှောင်လမ်းဖေါက်မည့် ဧရိယာတွင် ပါဝင်နေသည့် မြေကွက်နှစ်ကွက်၏ ပိုင်ရှင်များ (၇)ရက်အတွင်း ဆက်သွယ်ရန် လိုအပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဖေါက်လုပ်နေသည့် မြို့ရှောင်လမ်း (ပါလျှံ)အပိုင်းတွင် ပါဝင်သည့် ကွင်းအမှတ် (၂၃) လွန်းကျိုင်းကွင်း မြေကွက်အမှတ် (၁၄)နှင့် (၁၆)မှ ပိုင်ရှင်အနေဖြင့် ၂၀၂၀ ခုနှစ်၊ မေလ (၂၁)ရက်နေ့မှ နောက် (၇)ရက်အတွင်း အမြန်ဆုံး ဆက်သွယ်ရမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အသိပေးထားသည်။

အကွက်အမှတ် (၁၄)နဲ့ (၁၆)က ပိုင်ရှင်အမည် ဘယ်လိုမှ ရှာလို့မရဘူး။ မြေစာရင်းမှာလည်း စာရင်းမရှိဘူး။ မြေပြင်မှာတော့ ခြံစည်းရိုးခတ်ထားတယ်။ ဘယ်လိုမှ ဆက်သွယ်မရတဲ့အတွက်  (၇)ရက်အတွင်း အမြန်ဆုံးဆက်သွယ်ရန် ကြော်ငြာစာထုတ်လိုက်တာ။ တံတား (၂)နား နောက်နား ကပ်နေတဲ့ မြေကွက်တွေပါ။ အကယ်၍ မဆက်သွယ်ဘူးဆိုရင်တော့ မြေယာဥပဒေအတိုင်း အစိုးရအဖွဲ့ တင်ပြပြီး ဆက်လုပ်ရမှာပေါ့

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့  မေလ(၂၁)ရက်နေ့တွင် ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)အနီးရှိ အဆိုပါမြေကွက် (၂)ကွက်၏ ပိုင်ရှင်များအနေဖြင့်  လက်ဝယ်ရှိသော အထောက်အထားများဖြင့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၇)ရက်အတွင်း ဆက်သွယ်ရမည်ဖြစ်ပြီး ဆက်သွယ်လာခြင်းမရှိပါက တည်ဆဲ မြေယာလုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။

တာချီလိတ်မြို့တွင် မြို့ရှောင်လမ်းဖေါက်လုပ်ရာတွင် ပါဝင်သည့် မြေယာများအတွက် လျော်ကြေးပေးအပ်နေခြင်းဖြစ်ရာ ခြံခတ်ထားသည့် မြေကွက် (၂)ကွက်မှာ းဖြစ်ပြီး ပိုင်ရှင်အမည်ဖေါ်ထုတ်၍မရသည့် အတွက် လျော်ကြေးပေးအပ်နိုင်ခြင်းမရှိသေးဘဲ ဖြစ်နေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~