တာချီလိတ်မြို့တွင် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ ကဆုန်ညောင်ရေသွန်းပွဲ covid-19 အခြေအနေကြောင့် ယခုနှစ်တွင် မကျင်းပဖြစ်

တာချီလိတ်မြို့တွင် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ ကဆုန်ညောင်ရေသွန်းပွဲ covid-19 အခြေအနေကြောင့် ယခုနှစ်တွင် မကျင်းပဖြစ်
မေ 2, 2020
By Tachileik News Agency
 တာချီလိတ်မြို့တွင် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ ကဆုန်ညောင်ရေသွန်းပွဲ covid-19 အခြေအနေကြောင့် ယခုနှစ်တွင် မကျင်းပဖြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်က ငွေစေတီကုန်းတော်ပေါ်တွင် နှစ်စဉ်ကျင်းပပြုလုပ်နေသည့် ကဆုန်ညောင်ရေသွန်းလောင်းပွဲအား ယခုနှစ်တွင် covid-19 ရောဂါအခြေအနေများကြောင့် လူစုလူဝေး မဖြစ်စေရန်အတွက် ကျင်းပ ပြုလုပ်တော့မည် မဟုတ်ကြောင်း သိရသည်။

ကဆုန်ညောင်ရေသွန်းလောင်းပွဲ ကျင်းပသည့် ကဆုန်လပြည့်နေ့သည် ၂၀၂၀ခုနှစ် မေလ(၆)ရက်နေ့တွင် ကျရောက်မည်ဖြစ်သည်။

အဆိုပါနေ့တွင် ငွေစေတီကုန်းတော်ပေါ်သို့ တက်နိုင်မည့် လမ်းများကို ပိတ်ထားမည်ဖြစ်ပြီး ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ သံဃာတော်နှင့်ယောဂီများသာ အလှည့်ကျ (၄-၅)ဦးနှုန်းဖြင့် တက်ရောက် ပူဇော်ရန်သာ စီစဉ်ထားကြောင်း သိရသည်။

ငွေစေတီကုန်းတော်ပေါ်တွင် နှစ်စဉ်ကျင်းပပြုလုပ်နေသည့် ကဆုန်ညောင်ရေသွန်းလောင်းပွဲသို့ လာရောက်သူများမှာ ထောင်နှင့်ချီများပြားလေ့ရှိသည့်အတွက် ယခုနှစ်တွင် လူစုလူဝေးမှတဆင့် covid-19 ကူးစက်မှုများ မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကျင်းပပြုလုပ်တော့မည် မဟုတ်ကြောင်း ငွေတောင်ဦးဆရာတော်ကြီးက မိန့်ကြားထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~