အထူးဒေသ(၄) နမ့်ပန်းတွင် Quarantine နေထိုင်ပြီးသည့် မြန်မာနိုင်ငံသား (၆၄၅)ဦး မိုင်းယုမှ တဆင့် နေရပ်ပြန်

အထူးဒေသ(၄) နမ့်ပန်းတွင် Quarantine နေထိုင်ပြီးသည့် မြန်မာနိုင်ငံသား (၆၄၅)ဦး မိုင်းယုမှ တဆင့် နေရပ်ပြန်
မေ 8, 2020
By Tachileik News Agency
အထူးဒေသ(၄) နမ့်ပန်းတွင် Quarantine နေထိုင်ပြီးသည့်  မြန်မာနိုင်ငံသား (၆၄၅)ဦး မိုင်းယုမှ တဆင့် နေရပ်ပြန် 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ အထူးဒေသ(၄)၊ နမ့်ပန်းဒေသ၌  Quarantine (၂၁) ရက် နေထိုင်ပြီးသော နေရပ်ပြန် မြန်မာအလုပ်သမား(၆၄၅)ဦးကို ၂၀၂၀ ခုနှစ်၊ မေလ (၈)ရက်နေ့ နံနက်က မိုင်းယု - ကျိန်းယဲန်းတံတားမှတစ်ဆင့်  မိုင်းယုဖက်သို့ ပို့ဆောင် လွှဲပြောင်းပေးသည်။

နေရပ်ပြန် မြန်မာနိုင်ငံသားများကို နံနက် (၁၀) နာရီကျော်တွင် မိုင်းယု-ကျိန်းယဲန်းတံတားပေါ်၌ အထူးဒေသ(၄)၊ နမ့်ပန်းဒေသရဲတပ်အဖွဲ့မှ ရဲမှူး ချစ်ဆွေ ဦးဆောင်သည့်အဖွဲ့တို့က လွှဲပြောင်းပေးရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်အောင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံကြိုဆိုကြသည်။

ကျား က (၄၀၁)ပေါ့နော်၊ မ က (၂၄၄)ပါ၊ ပြည်နယ်အစိုးရအစီအစဉ်နဲ့ ကျွန်တော်တို့ မိုင်းယုကနေပြီးတော့မှ ဟိုဖက်က အဖွဲ့တွေ လာလွှဲပေးတာကို လက်ခံပေးတာပေါ့၊ ခရိုင်အုပ်ချုပ်ရေးမှူးလည်း ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ် ပါတယ်၊ ခရိုင်ရဲမှူးကြီးတို့နဲ့ပေါ့လေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ ဌာနဆိုင်ရာအဖွဲ့တွေနဲ့ လက်ခံပေးတယ်၊ ကျိုင်းတုံအထိ ဒီည ကျိုင်းတုံမှာ အိပ်မလား၊ ကျိုင်းတုံကနေ ဆက်သွားမလားတော့မသိသေးဘူး၊ အဓိက ကတော့ တောင်ကြီးအထိ ရောက်အောင် ကျွန်တော်တို့အဖွဲ့က ပို့ပေးရမှာ၊ တောင်ကြီးကနေမှ တဆင့် သူတို့ ဆက်သွားကြမှာ ဖြစ်ပါတယ်

ဟု  မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံမှ ပြန်လာသူများကို အထူးဒေသ (၄) နမ့်ပန်းဒေသတွင် Quarantine (၂၁) ရက်ထားရှိပြီးနောက် မိုင်းယုဘက်သို့  ပြန်လွှဲပေးနေရာ မေလ (၄)ရက်နေ့က (၅၅၃)ဦး၊ မေလ (၈)ရက်နေ့က (၆၄၅)ဦး လွှဲပြောင်းပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုကိုနိုင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~