တာချီလိတ်မြို့နယ်အတွင်းမှ ဆိုင်ရှင်နှင့် ဝန်ထမ်းများ အပါအဝင် စားသုံးသူများ လိုက်နာရမည့် စည်းကမ်းချက်များ

တာချီလိတ်မြို့နယ်အတွင်းမှ ဆိုင်ရှင်နှင့် ဝန်ထမ်းများ အပါအဝင် စားသုံးသူများ လိုက်နာရမည့် စည်းကမ်းချက်များ
မေ 30, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း Covid-19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဆိုင်ရှင်နှင့် ဝန်ထမ်းများ အပါအဝင် စားသုံးသူများ လိုက်နာရမည့် စည်းကမ်းချက်များကို မြို့နယ်အဆင့် ကော်မတီက ၂၀၂၀ခုနှစ် မေလ(၃၀)ရက်နေ့တွင် ချမှတ်အသိပေးထားရှိသည်။

ဆိုင်ရှင်နှင့်ဝန်ထမ်းများလိုက်နာရမည့် စည်းကမ်းချက်များ

၁။ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် အဝင်တွင် HandGel၊ လက်ဆေးကန်များ ထားရှိပေးရန်။
၂။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ရှိ စားပွဲများတွင် ဆိုင်ထိုင်စားသောက်မည့် လူတစ်ဦး နှင့် တစ်ဦးအကြား အကွာအဝေး၊ တစ်ဦးနှင့်တစ်ဦးအကြား ကာရံထားရမည့် Partition အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန Guide Line အတိုင်း ဆောင်ရွက်ထားရှိရန်။
၃။ အစားအသောက်ရောင်းချ၊ ပြင်ဆင်၊ ဝန်ဆောင်မှုပေးသူများအားလုံး Face Shield  နှင့် Mask တပ်ဆင်ရန်။
၄။ Coronavirus Dieseaes 2019 (Covid-19)ရောဂါလက္ခဏာ မပြသူတွင်လည်း ရောဂါပိုးကူးစက်ခံရမှုရှိနိုင်သည်ကို တွေ့ရှိလာပြီဖြစ်သည့်အတွက် အစားအသောက် ချက်ပြုတ် ပြင်ဆင် ဝန်ဆောင်မှုပေးသူများအားလုံးကို လိုအပ်သော စစ်ဆေးမှုများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်။
၅။ ဆိုင်အဝင်၊ ဆိုင်အတွင်းတို့ရှိ Coronavirus Dieseaes 2019 ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးသတိပေးနှိုးဆော်ချက် ပိုစတာဆိုင်းဘုတ်များအား ကပ်ထား/စိုက်ထူထားရန်။
၆။ Face Shield နှင့် Mask တပ်ဆင်ခြင်း မရှိသော စားသုံးသူများအား ဆိုင်အဝင်ဝတွင် Face Shield နှင့် Mask များ ဝယ်ယူနိုင်ရေး၊ ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်စေရန်။

စားသုံးသူများ လိုက်နာရမည့် စည်းကမ်းချက်များ

၁။ စားသုံးသူများအနေဖြင့် Face Shield နှင့် Mask တပ်ဆင်လာကြရန်။
၂။ စားသုံးသူများအနေဖြင့် ဆိုင်ထိုင်စားသောက်ချိန်၌ လိုက်နာရမည့် စည်းကမ်းချက်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း လိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်ရန်။

Coronavirus Dieseaes 2019 ( COVID-19) 
ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ 
တာချီလိတ်မြို့။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~