တာချီလိတ်မှ ကျန်းမာရေးဝန်ထမ်းများနှင့် စောင့်ကြည့်လူနာ စုစုပေါင်း (၂၃)ဦးတို့၏ ဓါတ်ခွဲအဖြေတွင် covid-19 ပိုးမတွေ့

တာချီလိတ်မှ ကျန်းမာရေးဝန်ထမ်းများနှင့် စောင့်ကြည့်လူနာ စုစုပေါင်း (၂၃)ဦးတို့၏ ဓါတ်ခွဲအဖြေတွင် covid-19 ပိုးမတွေ့
မေ 9, 2020
By Tachileik News Agency
တာချီလိတ်မှ ကျန်းမာရေးဝန်ထမ်းများနှင့် စောင့်ကြည့်လူနာ စုစုပေါင်း (၂၃)ဦးတို့၏ ဓါတ်ခွဲအဖြေတွင် covid-19 ပိုးမတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံမှ အသွားအလာကန့်သတ်ထားသည့် ကျန်းမာရေးဝန်ထမ်း (၁၉)ဦးနှင့် စောင့်ကြည့်လူနာ (၄)ဦးတို့၏ ဓါတ်ခွဲနမူနာများတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ မေလ (၉)ရက်နေ့ ညပိုင်း၌ အဖြေထွက်လာပြီဖြစ်သည်။

“တာချီလိတ် ဓါတ်ခွဲအဖြေအားလုံး Negative ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမတစ်ဦးမှာ အတည်ပြုလူနာဖြစ်သွား၍ အနီးကပ်ထိတွေ့ခဲ့သည့် ကျန်းမာရေးဝန်ထမ်း (၁၉) ဦးကို ဧပြီလ ( ၂၁ )ရက်နေ့မှစ၍ အသွားအလာကန့်သတ်ပြီး ဓါတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ပြုလုပ်ရာ နှစ်ကြိမ်လုံးတွင် ပိုးမတွေ့ရကြောင်း အဖြေရထားခြင်းဖြစ်သည်။

ယင်းအပြင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာများအဖြစ် ကုသပေးနေသည့် ထိုင်းနိုင်ငံဘက်မှ မယ်ဆိုင်ချောင်းမှဖြတ်ကူး၍ တာချီလိတ်ဘက် ဝင်လာသူ (၁)ဦး၊ တာချီလိတ်မြို့မှ ဖျားနာချောင်းဆိုးနေသည့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး၊ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ ပြန်လွှဲလာသည့် ပြစ်ဒဏ်စေ့လွတ်မြောက်လာသူများမှ ကိုယ်အပူချိန်မြင့်နေသည့် အမျိုးသား (၁)ဦးတို့တွင်လည်း COVID 19 ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့လွတ်မြောက်လာသူ စုစုပေါင်း (၃၇)ဦးတွင် ကိုယ်အပူချိန်မြင့်သူတစ်ဦးပါလာ၍ ကျန် (၃၆)ဦးကို မိုးကုတ်ရိပ်သာ၌ အသွားအလာကန့်သတ်ထားပြီး ကိုယ်အပူချိန်မြင့်သူကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~