တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တစ်လျှောက် ဆေးဖြန်း

တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တစ်လျှောက် ဆေးဖြန်း
ဧပြီ 16, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တစ်လျှောက် ဆေးဖြန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့တွင်းလမ်းများတစ်လျှောက် ဆေးဖြန်းခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့ ညနေပိုင်းက ဆောင်ရွက်သည်။

“မီးသတ်ယာဉ် (၁)စီး၊ ဆေးဖြန်းယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီးနဲ့ အင်အား (၁၀)ဦးနဲ့ ဖြန်းပေးတာပါ။ လမ်းတွေ စဖြန်းတာကတော့ အခုက ပထမဆုံးပေါ့။ အရင်ကတော့ ဈေးတွေ၊ လူအများရှိတဲ့နေရာတွေကို ဖြန်းပေးပါတယ်။ ကျန်းမာရေးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လိုအပ်တယ်ဆိုတဲ့နေရာတွေမှာ ကျွန်တော်တို့ ဖြန်းပေးမှာပါ”ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 စီမံညွှန်ကြားမှုဖြင့် ဧပြီလ(၁၆)ရက်နေ့ ညပိုင်းက စ၍ ဖြန်းခြင်းဖြစ်ကြောင်း သိရသည်။

ကလိုရင်းအား အချိုးကျရောစပ် ဖြန်းခြင်းကို တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့က တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စောတို့၏ ညွှန်ကြားချက်နှင့်တူ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)မှ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် ဆောင်ရွက်ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~