ကယားပြည်နယ်တွင်း လုပ်ငန်းများနှင့် ခရီးသည်တင်ယာဉ်များ (၁၅) ရက်တာ ယာယီရပ်ဆိုင်းရမည်

ကယားပြည်နယ်တွင်း လုပ်ငန်းများနှင့် ခရီးသည်တင်ယာဉ်များ (၁၅) ရက်တာ ယာယီရပ်ဆိုင်းရမည်
ဧပြီ 6, 2020
By Tachileik News Agency
ကယားပြည်နယ်တွင်း လုပ်ငန်းများနှင့် ခရီးသည်တင်ယာဉ်များ (၁၅) ရက်တာ ယာယီရပ်ဆိုင်းရမည်

ကယားပြည်နယ်အတွင်း အခြေခံလိုအပ်ချက်ကုန်စည်လုပ်ငန်းများမှလွဲ၍ ကျန်လုပ်ငန်းများအားလုံး၊ ခရီးသည်တင်ယာဉ်များ အားလုံးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့မှ ဧပြီလ (၂၂)ရက်နေ့အထိ ယာယီရပ်ဆိုင်းကြရမည်ဖြစ်ကြောင်း ဧပြီလ (၆)ရက်နေ့၌ တားမြစ်မိန့်ထုတ်ပြန်လိုက်သည်။

အဆိုပါ သတ်မှတ်ရက်အတွင်း စားသောက်ကုန် ရောင်းချသည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများ၊ စက်သုံးဆီဆိုင်များ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများ၊ လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းများ၊ ဘဏ်အစရှိသည့် အခြေခံလိုအပ်ချက်အတွက် မရှိမဖြစ်လုပ်ငန်းများမှလွဲ၍ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ Inn(အင်း) များအပါအဝင် လုပ်ငန်းများ၊ ဆိုင်များအားလုံး ပိတ်ထားကြရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကုန်စည်စီးဆင်းမှုအတွက် ကုန်တင်ယာဉ်များ၊ သာမန်အိမ်စီးကားများမှအပ ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများ၊ ဘုရားဖူးယာဉ်များ၊ အပန်းဖြေခရီးသွားယာဉ်များ၊ အလည်အပတ်သွားမည့် ယာဉ်များနှင့် အိမ်စီးကားများတွင် (၇)ဦးထက်ပိုသော ယာဉ်များအားလုံးကို ကယားပြည်တွင်း ဝင်ထွက်သွားလာခွင့်ကိုလည်း အဆိုပါကာလအတွင်း ယာယီတားမြစ်ထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တားမြစ်ချက်မှာ ဧပြီလ (၇)ရက်နေ့ ည(၁၂)နာရီမှ ဧပြီလ (၂၂)ရက်နေ့ည (၁၂)နာရီအတွင်း သက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~