မကွေးတိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်သံသယ စောင့်ကြည့်လူနာ (၁)ဦး ဓါတ်ခွဲအဖြေ စောင့်ဆိုင်းနေ

မကွေးတိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်သံသယ စောင့်ကြည့်လူနာ (၁)ဦး ဓါတ်ခွဲအဖြေ စောင့်ဆိုင်းနေ
ဖေဖော်ဝါရီ 18, 2020
By Tachileik News Agency
မကွေးတိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်သံသယ စောင့်ကြည့်လူနာ (၁)ဦး ဓါတ်ခွဲအဖြေ စောင့်ဆိုင်းနေ

မကွေးတိုင်း ပြည်သူ့ဆေးရုံကြီး၌ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့အထိ COVID 19 (ကိုရိုနာဗိုင်းရပ်စ်) စောင့်ကြည့်လူနာ (၃)ဦးအနက် ဓါတ်ခွဲခန်းအဖြေရသည့် လူနာ(၂)ဦးတွင် ရောဂါပိုးမတွေ့၍ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး ကျန်တစ်ဦး၏ ဓါတ်ခန်ခွဲခန်းနမူနာ ပို့စစ်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တောင်တွင်းကြီးနဲ့ ပေါက် ကရောက်လာကြတဲ့ စောင့်ကြည့်လူနာ (၂) ဦးရဲ့ နှာခေါင်းတို့ဖတ်ယူပြီး ထိုင်း နိုင်ငံကို ပို့စစ်တဲ့အခါ ပိုးမတွေ့ဘူးလို့ အဖြေရတာကြောင့် တောင်တွင်းကြီးလူနာကို မနေ့ကပေးဆင်းပြီး ပေါက်က လူနာကတော့ ဒီနေ့ပေးဆင်းမှာပါ။ ထပ်တိုးတစ်ယောက်အနေနဲ့ မကွေးဆေးရုံကြီးမှာ ရောက်လာ တာရှိပါတယ်။ သူ့ကိုလည်း နှာခေါင်းတို့ဖတ်ယူပြီး ဒီနေ့ပို့ စစ်ဖို့ ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာမြို့ နယ်ဆေးရုံတွေမှာလည်း စောင့်ကြည့်နဲ့ သံသယလူနာတွေရောက်လာရင် ထားရှိဖို့ သီးခြားအခန်းတွေ ပြင် ဆင်ထားပြီးဖြစ်ပါတယ်

ဟု မကွေးတိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သော Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အသိပေးရှင်းလင်းပွဲကို မကွေးတိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဖေဖော်ဝါရီ(၁၈)ရက်နေ့၌ ပြုလုပ်ပြီးနောက် ဒေါက်တာခင်မောင်သန်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် (COVID 19) ဓါတ်ခွဲစစ်ဆေးခြင်းကို WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) ၏ ရည်ညွှန်းဓါတ်ခွဲခန်းသို့ ပို့စစ်နေခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့မှစတင်၍  မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် ဆောင်ရွက်တော့မည်ဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~