နွားကျောင်းသားတစ်ဦးက ဗုံးတစ်လုံးကို ဓားမဖြင့် ထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာရရှိ

နွားကျောင်းသားတစ်ဦးက ဗုံးတစ်လုံးကို ဓားမဖြင့် ထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာရရှိ
ဖေဖော်ဝါရီ 11, 2020
By Tachileik News Agency
နွားကျောင်းသားတစ်ဦးက ဗုံးတစ်လုံးကို ဓားမဖြင့် ထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာရရှိ

မကွေးတိုင်းဒေသကြီး ၊ အထက်မင်းလှမြို့နယ် ၊ ကပစ(၂) မလွန်စက်ပစ်ကွင်း ဧရိယာအတွင်း ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ (၁၀)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်တွင် နွားကျောင်းနေသူတစ်ဦးက ဗုံးတစ်လုံးကို ဓားမဖြင့် ထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်၍ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူနေရကြောင်း သိရသည်။

မင်းလှမြို့နယ် ၊ သပြေတောကျေးရွာ၏ တောင်ဘက် (၃) မိုင်ခန့်အကွာရှိ ကပစ(၂) မလွန်စက်ပစ်ကွင်း ဧရိယာအတွင်း၌ အသက် (၄၀)အရွယ် ကိုဇော်လတ်က နွားကျောင်းရင်း ဗုံးသီးတစ်လုံးကိုတွေ့ရှိ၍ ဓားမဖြင့် ထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ စက်ပစ်ကွင်းဧရိယာနယ်မြေအား ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ (၆) ရက်နေ့မှ (၁၅)ရက်နေ့အထိ နယ်မြေ ရှင်းလင်းရေး ဧရိယာနယ်မြေအဖြစ် သတ်မှတ်ထားကြောင်းကို အနီးပတ်ဝန်းကျင်ကျေးရွာများသို့ အသိပေးကြေညာထားပြီးဖြစ်သည်ဟု ကပစ(၂)မလွန် ဒုစက်ရုံမှူး ဒု ဗိုလ်မှူးကြီးသက်နိုင်ထွန်းက မင်းလှမြို့မရဲစခန်းသို့ ပြောကြားကြောင်း သိရသည်။

ဗုံးပေါက်ကွဲ၍ ဒဏ်ရာရရှိသူ ကိုဇော်လတ်အား  မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် မြေမြုှပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်း အကြွင်းအကျန်များကြောင့် လူပေါင်းရာနှင့်ချီ၍ သေကြေပျက်စီးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများ ကြုံတွေ့ခံစားနေကြရခြင်းဖြစ်သည်။

မိမိတို့ဝန်းကျင်တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများဟု ယူဆရသည်များ တွေ့ရှိပါက ပစ်ပေါက်ခြင်း၊ ထုရိုက်ခြင်း၊ မီးရှို့ခြင်း၊ ထိတွေ့ကိုင်တွယ်ခြင်းများမပြုလုပ်ဘဲ အန္တရာယ်ကင်းနိုင်သည့်အနီးဝန်းကျင်၌ အမှတ်အသားပြုလုပ်ထားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြားပေးခြင်း ပြုလုပ်ရန် ICRC က အကြံပြုထားသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~