မကွေးတိုင်းတွင် စားနပ်ရိက္ခာပေးရမည့် အခြေခံလူတန်းစားအိမ်ထောင်စု (၃)သိန်း စာရင်းရရှိထားပြီး စာရင်းကျန်နေပါကလည်း ထပ်မံပေးနိုင်ရန် စီစဉ်ထား

မကွေးတိုင်းတွင် စားနပ်ရိက္ခာပေးရမည့် အခြေခံလူတန်းစားအိမ်ထောင်စု (၃)သိန်း စာရင်းရရှိထားပြီး စာရင်းကျန်နေပါကလည်း ထပ်မံပေးနိုင်ရန် စီစဉ်ထား
ဧပြီ 9, 2020
By 🌸

မကွေးတိုင်းတွင် စားနပ်ရိက္ခာပေးရမည့် အခြေခံလူတန်းစားအိမ်ထောင်စု (၃)သိန်း စာရင်းရရှိထားပြီး စာရင်းကျန်နေပါကလည်း ထပ်မံပေးနိုင်ရန် စီစဉ်ထား

 သင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို စားနပ်ရိက္ခာထောက်ပံ့မည့် အစီအစဉ်အတွက် မကွေးတိုင်းဒေသကြီးအတွင်းမှ အိမ်ထောင်စု (၃)သိန်း စာရင်းကောက်ခံရရှိထားပြီး ပြည်ထောင်စုအစိုးရသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

“ကနဦး ကောက်ယူလိုက်တဲ့အခါ အိမ်ထောင်စု (၄)သိန်း၊ (၅)သိန်းနဲ့ ဖောင်းပွနေတာပေါ့။ ခုကတော့ စိစစ်ရ ရှိတဲ့ အိမ်ထောင်စုအရေအတွက် (၃) သိန်းကို ပြည်ထောင်စုဆီ တင်ပြလိုက်ပါပြီ။ ပြည်ထောင်စုက တင်ပြတဲ့ (၃) သိန်းလက်ခံတယ်ဆိုရင် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးတွေကနေ မနက်ဖြန် ဧပြီ (၁၀) ရက်နေ့ကစပြီ တော့ ဝေပေးနိုင်အောင် စီစဉ်သွားမှာပါ” 

ဟု မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တာချီ လိတ်သတင်းအေဂျင်စီသို့ ဧပြီလ (၉)ရက်နေ့တွင် ပြောသည်။

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား စားနပ်ရိက္ခာထောက်ပံ့မည့် အစီအစဉ်အရ စာရင်းကောက်ယူရာတွင် အိမ်ထောင်စုပေါင်း (၃)သိန်းကို စာရင်းကောက်ယူရရှိထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများရှိပါကလည်း ပေးဝေနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

“ဒီနေ့  သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး ဒေသခံ အခြေခံစားကုန် ရောင်းဝယ်ဖောက်ကားတဲ့ ကုန်သည်တွေနဲ့ ကုန်သည်ကြီးများအသင်းက တာဝန်ရှိသူတွေ ခေါ်ပြီး တွေ့ ဆုံညှိနှိုင်းပြီးပါပြီ။ ဖြန့်ဝေတဲ့ အခါမှာ လူစုလူဝေးမဖြစ်အောင် ခရိုင်အလိုက်၊ မြို့နယ်အလိုက် ပစ္စည်းတွေကို လူအုပ်စုတွေမဖြစ်စေအောင် စီမံဖြန့်ဝေပေးသွားပါမယ်။ အကြောင်းအမျိုးမျိုးကြောင့် ကောက်ယူတဲ့ စာရင်းမှာ မပါလိုက်ရသူတွေအနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေဆီမှာ တင်ပြတောင်းဆိုနိုင်ပါတယ်။ ဒီအတွက် သက်ဆိုင်ရာဒေသခံလူမှုရေးအသင်းအဖွဲ့တွေ၊ စေတနာရှင်တွေက တိုင်းဒေသကြီးအစိုးရနဲ့ ခရိုင်တွေ မြို့နယ်တွေမှာ လှူဒါန်းထားတဲ့ အလှူငွေနဲ့ အလှူပစ္စည်းများကို သီးခြားစီမံမှုနဲ့ မျှဝေပေးနိုင် အောင် စီစဉ်ပေးသွားပါမယ်”

ဟု မကွေးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောသည်။

စားနပ်ရိက္ခာပေးဝေရေးအတွက် မကွေးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ဒေသခံ အခြေခံစားကုန် ရောင်းချသူများ၊ ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူများနှင့်  ဧပြီလ(၉)ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းထားကြောင်း သိရသည်။

ဒေသတွင်းမှ အိမ်ထောင်စုဇယားမရှိသော်လည်း အမှန်တကယ် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေမရှိသူဆိုပါက အခြေခံလူတန်းစား စာရင်း၌ ထည့်သွင်းရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားသော်လည်း အချို့နေရာ များတွင် အိမ်ထောင်စု ဇယားမရှိ၍ စာရင်းကောက်ယူရာတွင် ချန်လှပ်ခံရမှုများရှိနေကြောင်း သိရသည်။

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာ ဝေငှပေးနိုင်ရန် ပြည်ထောင်စုအစိုးရမှ တိုင်းနှင့် ပြည်နယ်အ သီးသီးသို့ ညွှန်ကြားထားခြင်းဖြစ်ပြီး အခြေခံလူတန်းစားသတ်မှတ်ချက်နှင့်ပတ်သက်၍ စာရင်းကောက်ယူရာတွင် အငြင်းပွားမှုအချို့လည်းရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~