မိုင်းဆတ် - မိုင်းတုံ လမ်းပေါ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ထွက်ပြေးလွတ်မြောက်သွား၍ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မိုင်းဆတ် - မိုင်းတုံ လမ်းပေါ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ထွက်ပြေးလွတ်မြောက်သွား၍ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
ဖေဖော်ဝါရီ 14, 2020
By Tachileik News Agency
မိုင်းဆတ် - မိုင်းတုံ လမ်းပေါ်တွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ထွက်ပြေးလွတ်မြောက်သွား၍  ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့မှ မိုင်းတုံမြို့သို့ သယ်ဆောင်လာသည့်  ၉၉၉ တံဆိပ်ပါ ဘိန်းဖြူဘလောက်တုံး (၈)တုံးအား ဖမ်းဆီးရမိပြီး သယ်ဆောင်လာသူ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

မိုင်းဆတ် - မိုင်းတုံကားလမ်း ကျွန်းတော (၆) မိုင်ကျေးရွာအနီးတွင် မူးယစ်တပ်ဖွဲ့စု (၂၉)မိုင်းဆတ် မှ ဒုရဲမှူး မျိုးခိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သောအဖွဲ့က ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးနေစဉ်  ညနေ(၆)နာရီဝန်းကျင်၌ မိုင်းဆတ်မြို့ဘက်မှ မိုင်းတုံမြို့ဘက်သို့ ဆိုင်ကယ် မောင်းနှင်လာသည့် အမျိုးသားတစ်ဦးသည် စစ်ဆေးရေးအဖွဲ့နှင့် ကိုက် (၂၀၀)ခန့်အကွာတွင် ဆိုင်ကယ်အား ပြန်လှည့်မောင်းသွားရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ပြန်လှည့်ရန် ကြိုးစားစဉ် ဆိုင်ကယ်မှာ  လဲကျခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူသည် ကားလမ်းဘေး တောင်စောင်းဘက်သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လဲကျနေခဲ့သည့် ဆိုင်ကယ်၏ တူးဘောက်အတွင်းမှ ရှမ်းစက္ကူ ဖြင့်ထုပ်လျက် ၉၉၉ တံဆိပ်ပါ ဘိန်းဖြူ ဘလောက်တုံး(၈)တုံး၊ ဘလောက်တုံး(၁)တုံးလျှင် အလေးချိန်(၃၃၀) ဂရမ်ခန့်၊ စုစုပေါင်းအလေးအချိန် (၂ ဒဿမ ၆၄)ကီလိုဂရမ်ခန့်အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆးဝါးများ သိမ်းဆည်းရမိမှု နှင့် ပတ်သက်၍ မိုင်းဆတ်မြို့မရဲစခန်းတွင် မယ(ပ) ၄/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်သွားသူအား ဖမ်းဆီးရမိရေးအတွက်   စုံစမ်းနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း  - မြင့်မောင်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~