မိုင်းတုံမြို့တွင် တရားမဝင်သစ်များကို ဖမ်းမိရာမှ လိုင်စင်မဲ့ကား မောင်းနှင်မှုဖြင့်ပါ ပုဒ်မ(၂)ခုဖြင့် အရေးယူ

မိုင်းတုံမြို့တွင် တရားမဝင်သစ်များကို ဖမ်းမိရာမှ လိုင်စင်မဲ့ကား မောင်းနှင်မှုဖြင့်ပါ ပုဒ်မ(၂)ခုဖြင့် အရေးယူ
သြဂုတ် 22, 2020
By Tachileik News Agency
မိုင်းတုံမြို့တွင် တရားမဝင်သစ်များကို ဖမ်းမိရာမှ လိုင်စင်မဲ့ကား မောင်းနှင်မှုဖြင့်ပါ  ပုဒ်မ(၂)ခုဖြင့် အရေးယူ
 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် တရားမဝင် ကျွန်းသစ်ခွဲသားများအား လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့် သယ်ဆောင်သူအား ဖမ်းဆီးရမိ၍   လိုင်စင်မဲ့ကား မောင်းနှင်မှုဖြင့်ပါ  ပုဒ်မ(၂)ခုဖြင့်  အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
ဖြစ်စဉ်မှာ မိုင်းတုံမြို့အဝင် နောင်ပါရင်လုံခြုံရေးကင်းတွင် ဖြတ်သန်းသွားလာသော မော်တော်ယာဉ် များနှင့် ဆိုင်ကယ်များအား ဩဂုတ် (၂၀)ရက်နေ့က ပူးပေါင်းအဖွဲမှ စစ်ဆေးနေစဉ် မိုင်းတုံမြို့တွင်းမှ မိုင်းဆတ် မြို့ဘက်သို့ တာချီလိတ်မြို့တွင် နေထိုင်သူ အသက်(၃၃)နှစ်ရှိ သူရမောင်မောင်ထွန်း ဆိုသူ မောင်းနှင်လာသည့်  မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်ကျွန်းခွဲသားဆိုဒ်စုံ (၃၅)ချောင်း၊ (၀.၉၈၅၄)တန်အား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောဥပဒေပုဒ်မ ၃၃(က)၁ အရ လည်းကောင်း၊ အဆိုပါသစ်များ သယ်ဆောင်လာသည့် မော်တော် ယာဉ်သည် လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်းပေါ်ပေါက်သဖြင့်  မိုင်းတုံမြို့မရဲစခန်းတွင်(ပ)၂၅/၂၀၂၀၊ ပို့ကုန်/ သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~