ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းတွင် မိတ်ဖက်ဌာန အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်အရ မေးခွန်း(၁၁၀)မေး

ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းတွင် မိတ်ဖက်ဌာန အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်အရ မေးခွန်း(၁၁၀)မေး
ဇန်နဝါရီ 20, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းတွင်  မိတ်ဖက်ဌာန အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်အရ မေးခွန်း(၁၁၀)မေး

၂၀၁၉ ခုနှစ်ကြားဖြတ် လူဦးရေသန်းခေါင်စာရင်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်းမှာ 2020ခုနှစ် ဇန်နဝါရီလမှာ ကောက်ယူမှုတွေ စတင်နေပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လိုအပ်ချက်အရ သောက်သုံးရေတွေမှာ အိကိုလိုင်ပိုး ပါဝင်မှု ရှိ မရှိကိုပါ စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း တာချီလိတ်ခရိုင် လ၀ကမှ ဒုတိယခရိုင်ဦးစီမှူး ဦးကျော်စိုးအောင်က ပြောပါတယ်။

၂၀၁၄ လူဦးရေသန်းခေါင်စာရင်းမှာ မေးခွန်း (၄၁) ခုသာ မေးမြန်းခဲ့ပေမယ့် ၂၀၁၉ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းမှာတော့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်အရ မေးခွန်း (၁၀၀)နဲ့(၁၀)ခု ကို မေးမြန်းတာဖြစ်ကြောင်း ဦးကျော်စိုးအောင်က ပြောပါတယ်။

၂၀၁၉ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်းမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်ကနေစပြီး (၂၈) ရက်နေ့အထိ ကောက်ကွက် (၄၅) ကွက် ကောက်ယူနေတာဖြစ်ပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~