မန္တလေးလေဆိပ်တွင် တရုတ်နိုင်ငံသားခရီးသည်ထံမှ စိတ်ကြွဆေးပြား ၂၉၈၀၀ ပြား ဖမ်းဆီးရမိ

မန္တလေးလေဆိပ်တွင် တရုတ်နိုင်ငံသားခရီးသည်ထံမှ စိတ်ကြွဆေးပြား ၂၉၈၀၀ ပြား ဖမ်းဆီးရမိ
ဇန်နဝါရီ 5, 2020
By 🌸

မန္တလေးလေဆိပ်တွင် တရုတ်နိုင်ငံသားခရီးသည်ထံမှ စိတ်ကြွဆေးပြား ၂၉၈၀၀ ပြား ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်သို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ ခရီးစဉ်ဖြင့် လိုက်ပါမည့် တရုတ်နိုင်ငံသားတစ်ဦး၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၂၉၈၀၀)ပြားကို X Ray စက်ဖြင့် စစ်ဆေးစဉ် ဖမ်းဆီးရမိကြောင်း သိရသည်။

တံတားဦးမြို့ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဇန်နဝါရီလ (၄) ရက်နေ့ ညနေ (၅)နာရီ (၄၅)မိနစ်အချိန်တွင် Bangkok Airways ဖြင့် မန္တလေးမှ ဘန်ကောက်သို့ လိုက်ပါမည့် တရုတ်နိုင်ငံသား အသက် (၃၀)အရွယ် Yuan Cheng Cheng ၏ ခရီးဆောင်ကျောပိုးအိတ် (၂)လုံးအား Final X-Ray စက်၌ စစ်ဆေးရာ စိတ်ကြွဆေးပြားများကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့် Yuan Cheng Cheng ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီး ဇန်နဝါရီလ (၅) ရက်နေ့ နံနက် (၁) နာရီမထိုးမီအချိန်တွင် လေဆိပ်နယ်မြေရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့၊ Trip Savvy

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~