မိုင်းဆတ်ဘက်မှ တာချီလိတ်သို့ သယ်လာသည့် စိတ်ကြွဆေး(၆)သိန်းဝန်းကျင်ကို သိမ်းဆည်းရမိသော်လည်း သယ်ဆောင်လာသူမှာ ထွက်ပြေးလွတ်မြောက်

မိုင်းဆတ်ဘက်မှ တာချီလိတ်သို့ သယ်လာသည့် စိတ်ကြွဆေး(၆)သိန်းဝန်းကျင်ကို သိမ်းဆည်းရမိသော်လည်း သယ်ဆောင်လာသူမှာ ထွက်ပြေးလွတ်မြောက်
ဇန်နဝါရီ 25, 2020
By Tachileik News Agency

မိုင်းဆတ်ဘက်မှ တာချီလိတ်သို့ သယ်လာသည့် စိတ်ကြွဆေး(၆)သိန်းဝန်းကျင်ကို သိမ်းဆည်းရမိသော်လည်း သယ်ဆောင်လာသူမှာ ထွက်ပြေးလွတ်မြောက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မှ တာချီလိတ်သို့ သယ်လာသည့် စိတ်ကြွဆေးပြား (၆)သိန်းဝန်းကျင်ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့ ညနေပိုင်းတွင် နယ်မြေခံတပ်နှင့် မူးယစ်တပ်ဖွဲ့စုတို့ ပူးပေါင်းအဖွဲ့က သိမ်းဆည်းရမိသော်လည်း ပိုင်ရှင်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

မိုင်းဆတ် - တာချီလိတ်ကားလမ်းတွင် မော်တော်ယာဉ်များအား ပိတ်ဆို့စစ်ဆေးရှာဖွေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် တိုရိုတာဟိုင်းလပ်အဖြူရောင်ယာဉ်တစ်စီးက ပူးပေါင်းအဖွဲ့နှင့် မီတာ (၄၀၀)ခန့်အကွာတွင် ရပ်တန့်ပြီး ယာဉ်မောင်းက လမ်းဘေးလျှိုတွင်းသို့ ဆင်းပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ်ရပ်တန့်ထားသည့် နေရာသို့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ယာဉ်၏အရှေ့ခန်းထိုင်ခုံ အနောက်ဘက်တွင် စိတ်ကြွဆေးပြား (၁၀၀,၀၀၀)စီပါသည့် ဆာလာအိတ် (၆)အိတ်ကို စစ်ဆေးတွေ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးများနှင့် မူးယစ်ဆေးသယ်လာသည့် မော်တော်ယာဉ်တို့ကို မူးယစ်တပ်ဖွဲ့စု (၃၀)သို့ လွှဲပြောင်းပေးထားပြီး  အမှုဖွင့်လှစ်ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - KLS

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~