မိုင်းဖြတ် - တာချီလိတ်လမ်းပိုင်းတွင် မီးလောင်မှုဖြစ်ပွားသည့် မော်တော်ယာဉ်မှ ယာဉ်မောင်းကို စုံစမ်းနေ

မိုင်းဖြတ် - တာချီလိတ်လမ်းပိုင်းတွင် မီးလောင်မှုဖြစ်ပွားသည့် မော်တော်ယာဉ်မှ ယာဉ်မောင်းကို စုံစမ်းနေ
ဒီဇင်ဘာ 3, 2019
By 🌸

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း မိုင်းဖြတ် - တာချီလိတ်လမ်းဘေးတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့ ညနေ (၄)နာရီခွဲဝန်းကျင်က မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားပြီး ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

ဝမ်လုံးကျေးရွာအုပ်စု၊ နမ့်ခမ်းတောင်ကျေးရွာအနီး ကားလမ်းဘေးချောက်အတွင်း မော်တော်ယာဉ်တစ်စီး မီးလောင်နေကြောင်းသတင်းအရ မိုင်းဖြတ်မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်အတူ အခင်းဖြစ်နေရာအား သွားးရောက်ရာ မိုင်းဖြတ်ဘက်မှ တာချီလိတ်ဘက်သို့ သွားသည့်ဘက် လမ်းဘေးချောက်အတွင်း တိမ်းမှောက်၍ မီးလောင်နေသည့် မော်တော်ယာဉ်တစ်စီးကိုသာ တွေ့ရပြီး လူမတွေ့ရကြောင်း သိရသည်။

မီးလောင်နေသည့် မော်တော်ယာဉ်အား မီးငြှိမ်းသတ်ရာ ညနေ (၅)နာရီဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

မော်တော်ယာဉ် တိမ်းမှောက် မီးလောင်မှုဖြစ်ပွားသည်အထိ မောင်းနှင်ခဲ့သည့် မော်တော်ယာဉ်မောင်းအား ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ -ကိုသာ


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~