B.H.S English School မှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ လူငယ်ဖွံ့ဖြိုးရေး အောင်မင်္ဂလာ တောရကျောင်းတိုက်၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း

B.H.S English School မှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ လူငယ်ဖွံ့ဖြိုးရေး အောင်မင်္ဂလာ တောရကျောင်းတိုက်၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း
နိုဝင်ဘာ 3, 2019
By 🌸
B.H.S English School မှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများ လူငယ်ဖွံ့ဖြိုးရေး အောင်မင်္ဂလာ တောရကျောင်းတိုက်၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း
***********

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ B.H.S English School ၏ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း ကထိန်ပဒေသာပင်များကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့တွင် လူငယ်ဖွံ့ဖြိုးရေး အောင်မင်္ဂလာ တောရကျောင်းတိုက်၌ ကျင်းပသော (၂၄)ကြိမ်မြောက် စုပေါင်းဘုံမဟာကထိန်တွင် ပို့ဆောင် လှူဒါန်းကြသည်။

ဟွေရယ်ကျေးရွာရှိ လူငယ်ဖွံ့ဖြိုးရေး အောင်မင်္ဂလာ တောရကျောင်းတိုက်၌ ကျင်းပသော (၂၄)ကြိမ်မြောက် စုပေါင်းဘုံမဟာကထိန်တွင် B.H.S Pre – School၊ Primary School နှင့် စနေ၊ တနင်္ဂနွေအင်္ဂလိပ်ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများက ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းအမျိုးမျိုးနှင့် ကထိန်ပဒေသာပင်များကို ပါဝင်လှူဒါန်းကြသည်။

B.H.S English School မှ ပဒေသာပင်များကို နံနက် (၇)နာရီခွဲတွင် စတင်သယ်ဆောင်ကြပြီး (ပရဟိတ) လူငယ်ဖွံ့ဖြိုးရေး အောင်မင်္၈လာကျောင်းတိုက်တွင် ဧည့်ပရိတ်သတ်များကို ကျွေးမွေးဧည့်ခံကြခြင်းဖြစ်သည်။

B.H.S English School သည် ကလေးငယ်များအနေဖြင့် ရာသီအလိုက် ပွဲတော်များ၊ ရိုးရာဓလေ့များ၊ ပြည်တွင်းပြည်ပ ဗဟုသုတများ ရရှိစေရေးအတွက် ပွဲတော်အသီးသီး လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
B.H.S English School မွ ေက်ာင္းသား၊ေက်ာင္းသူ၊ ဆရာ၊ဆရာမမ်ား လူငယ္ဖြံ႕ၿဖိဳးေရး ေအာင္မဂၤလာ ေတာရေက်ာင္းတုိက္၌ ကထိန္သကၤန္းဆက္ကပ္လွဴဒါန္း
***********

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ B.H.S English School ၏ ကထိန္သကၤန္းႏွင့္ လွဴဖြယ္ပစၥည္း ကထိန္ပေဒသာပင္မ်ားကို ၂၀၁၉ ခုနွစ္၊ ႏိုဝင္ဘာလ (၃) ရက္ေန႔တြင္ လူငယ္ဖြံ႕ၿဖိဳးေရး ေအာင္မဂၤလာ ေတာရေက်ာင္းတုိက္၌ က်င္းပေသာ (၂၄)ႀကိမ္ေျမာက္ စုေပါင္းဘံုမဟာကထိန္တြင္ ပို႔ေဆာင္ လွဴဒါန္းၾကသည္။

ေဟြရယ္ေက်းရြာရိွ လူငယ္ဖြံ႕ၿဖိဳးေရး ေအာင္မဂၤလာ ေတာရေက်ာင္းတုိက္၌ က်င္းပေသာ (၂၄)ႀကိမ္ေျမာက္ စုေပါင္းဘံုမဟာကထိန္တြင္ B.H.S Pre – School၊ Primary School ႏွင့္ စေန၊ တနဂၤေႏြအဂၤလိပ္ေက်ာင္းသား ေက်ာင္းသူမ်ား၊ ဆရာ၊ ဆရာမမ်ားက ကထိန္သကၤန္း၊ လွဴဖြယ္ပစၥည္းအမ်ိဳးမ်ိဳးႏွင့္ ကထိန္ပေဒသာပင္မ်ားကို ပါဝင္လွဴဒါန္းၾကသည္။

B.H.S English School မွ ပေဒသာပင္မ်ားကို နံနက္ (၇)နာရီခြဲတြင္ စတင္သယ္ေဆာင္ၾကၿပီး (ပရဟိတ) လူငယ္ဖြံ႕ၿဖိဳးေရး ေအာင္မ၈ၤလာေက်ာင္းတုိက္တြင္ ဧည့္ပရိတ္သတ္မ်ားကို ေကၽြးေမြးဧည့္ခံၾကျခင္းျဖစ္သည္။

B.H.S English School သည္ ကေလးငယ္မ်ားအေနျဖင့္ ရာသီအလုိက္ ပြဲေတာ္မ်ား၊ ရိုးရာဓေလ့မ်ား၊ ျပည္တြင္းျပည္ပ ဗဟုသုတမ်ား ရရိွေစေရးအတြက္ ပြဲေတာ္အသီးသီး လုပ္ေဆာင္ေပးေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net