တာချီလိတ်မြို့ ရွှေတိဂုံစေတီရင်ပြင်တွင် ဆေးလိပ်သောက်ခြင်း၊ ရောင်းချခြင်းကို တားမြစ်ကြောင်း အသိပေးမှုစတင်

တာချီလိတ်မြို့ ရွှေတိဂုံစေတီရင်ပြင်တွင် ဆေးလိပ်သောက်ခြင်း၊ ရောင်းချခြင်းကို တားမြစ်ကြောင်း အသိပေးမှုစတင်
အောက်တိုဘာ 1, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေရႊတိဂံုေစတီရင္ျပင္ကို ေဆးလိပ္ေငြ႕ကင္းစင္ေနရာအျဖစ္ ေၾကညာနုိင္ရန္ ပညာေပးကာလစတင္သည့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၁) ရက္ေန႔တြင္ ရင္ျပင္ေပၚတြင္အသိပညာေပးဆိုင္းဘုတ္မ်ားထားရိွျခင္းႏွင့္လက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝျခင္းကိုစတင္လုပ္ေဆာင္သည္။

"ေဆးရံုတို႔ ေက်ာင္းတို႔ဆိုတာ အရင္ကတည္းက ေဆးလိပ္ေငြ႕ကင္းစင္ေနရာေတြ ျဖစ္တယ္။ လက္ကမ္း စာေစာင္ေတြက အဓိက ဒီဘုရားေပၚမွာေဝတာေပါ့။ ေဆးလိပ္ေငြ႕ကင္းစင္ေနရာေတြက ၿမိဳ႕လယ္ဓမၼာရံုတို႔ ဘာတို႔ပါမွာေပါ့။ ဒါက ပထမဆံုးပညာေပးအေနနဲ႔ လုပ္သြားၿပီးေတာ့ ေဆးလိပ္ေသာက္တာတို႔ ေရာင္းတာတို႔ဆိုရင္ ေဂါပကအဖြဲ႕က ဒဏ္ရိုက္သြားမွာေပါ့"ဟု တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေဆးလိပ္ေငြ႕ကင္းစင္ေနရာအျဖစ္ တာခ်ီလိတ္ေရႊတိဂံုဘုရားရင္ျပင္တြင္ စတင္မည္ျဖစ္ၿပီး ရင္ျပင္ေပၚတြင္ ေဆးလိပ္ေရာင္းျခင္း၊ ေဆးလိပ္ေသာက္ျခင္းမ်ားအား အေရးယူမႈမ်ားကို ဒီဇင္ဘာလ (၁)ရက္ေန႔တြင္ စတင္မည္ျဖစ္ေၾကာင္း သိရသည္။

“လတ္တေလာမွာေတာ့ ရင္ျပင္မွာပဲ သတ္မွတ္ထားပါတယ္။ ပရဝုဏ္ကိုေတာ့ သတ္မွတ္မထားေသးပါဘူး။ ဒါေၾကာင့္ ေဆးလိပ္ေရာင္းတာ၊ ေဆးလိပ္ေသာက္တာက ပရဝုဏ္အတြင္းမွာက ရပါတယ္။ ပရဝုဏ္က ေစ်းဆုိင္ခန္းေတြကိုလည္း ရင္ျပင္မွာ ေဆးလိပ္ေရာင္းတာ၊ ေသာက္တာေတြ႕ရင္ အသိေပးၾကဖို႔ စည္းရံုးသြားဖုိ႔ ရိွပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက ေျပာသည္။

ေရႊတိဂံုဘုရားရင္ျပင္ကို တာခ်ီလိတ္ၿမိဳ႕၏ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ႏုိင္ေရးအတြက္ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ က်န္းမာေရးဦးစီးဌာန၊ ပညာေရးဌာန၊ သာသနာေရးဦးစီးဌာန၊ ေဂါပကအဖြဲ႕၊ ဘုရားလံုၿခံဳေရးအဖြဲ႕ႏွင့္ ၿမိဳ႕မိၿမိဳ႕ဖတုိ႔က ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၆) ရက္ေန႔ ေန႔လယ္ (၁)နာရီက ေရႊတိဂံုဘုရားရင္ျပင္ရိွ ဓမၼာရံု၌ အစည္းအေဝးက်င္းပၿပီး လုပ္ငန္းစဥ္မ်ားေဆြးေႏြးဆံုးျဖတ္ခဲ့ၾကျခင္း ျဖစ္သည္။

ေဆးလိပ္ေငြ႕တစ္ဆင့္ခံရႈရိႈက္မိရာမွ ေရာဂါခံစားရသူမ်ား ေလွ်ာ့ခ်ႏုိင္ေရးအတြက္ အမ်ားျပည္သူေနရာမ်ားတြင္ ေဆးလိပ္ေငြ႕ကင္းစင္ေရးကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကဦးေဆာင္ၿပီး ေဒသအသီးသီးတြင္ အေကာင္အထည္ေဖၚေနရာ ပင္းတယရိွ ေရႊဥမင္ဘုရားကို ေဆးလိပ္ေငြ႕ကင္းစင္ေနရာအျဖစ္ ကမၻာသို႔ ေၾကျငာႏုိင္ခဲ့ၿပီျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ ရွှေတိဂုံစေတီရင်ပြင်တွင် ဆေးလိပ်သောက်ခြင်း၊ ရောင်းချခြင်းကို တားမြစ်ကြောင်း အသိပေးမှုစတင်
***************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရွှေတိဂုံစေတီရင်ပြင်ကို ဆေးလိပ်ငွေ့ကင်းစင်နေရာအဖြစ် ကြေညာနိုင်ရန် ပညာပေးကာလစတင်သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့တွင် ရင်ပြင်ပေါ်တွင် အသိပညာပေးဆိုင်းဘုတ်များထားရှိခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို စတင်လုပ်ဆောင်သည်။

"ဆေးရုံတို့ ကျောင်းတို့ဆိုတာ အရင်ကတည်းက ဆေးလိပ်ငွေ့ကင်းစင်နေရာတွေ ဖြစ်တယ်။ လက်ကမ်း စာစောင်တွေက အဓိက ဒီဘုရားပေါ်မှာဝေတာပေါ့။ ဆေးလိပ်ငွေ့ကင်းစင်နေရာတွေက မြို့လယ်ဓမ္မာရုံတို့ ဘာတို့ပါမှာပေါ့။ ဒါက ပထမဆုံးပညာပေးအနေနဲ့ လုပ်သွားပြီးတော့ ဆေးလိပ်သောက်တာတို့ ရောင်းတာတို့ဆိုရင် ဂေါပကအဖွဲ့က ဒဏ်ရိုက်သွားမှာပေါ့"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင်နေရာအဖြစ် တာချီလိတ်ရွှေတိဂုံဘုရားရင်ပြင်တွင် စတင်မည်ဖြစ်ပြီး ရင်ပြင်ပေါ်တွင် ဆေးလိပ်ရောင်းခြင်း၊ ဆေးလိပ်သောက်ခြင်းများအား အရေးယူမှုများကို ဒီဇင်ဘာလ (၁)ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

“လတ်တလောမှာတော့ ရင်ပြင်မှာပဲ သတ်မှတ်ထားပါတယ်။ ပရဝုဏ်ကိုတော့ သတ်မှတ်မထားသေးပါဘူး။ ဒါကြောင့် ဆေးလိပ်ရောင်းတာ၊ ဆေးလိပ်သောက်တာက ပရဝုဏ်အတွင်းမှာက ရပါတယ်။ ပရဝုဏ်က ဈေးဆိုင်ခန်းတွေကိုလည်း ရင်ပြင်မှာ ဆေးလိပ်ရောင်းတာ၊ သောက်တာတွေ့ရင် အသိပေးကြဖို့ စည်းရုံးသွားဖို့ ရှိပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

ရွှေတိဂုံဘုရားရင်ပြင်ကို တာချီလိတ်မြို့၏ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ရေးအတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာန၊ သာသနာရေးဦးစီးဌာန၊ ဂေါပကအဖွဲ့၊ ဘုရားလုံခြုံရေးအဖွဲ့နှင့် မြို့မိမြို့ဖတို့က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့ နေ့လယ် (၁)နာရီက ရွှေတိဂုံဘုရားရင်ပြင်ရှိ ဓမ္မာရုံ၌ အစည်းအဝေးကျင်းပပြီး လုပ်ငန်းစဉ်များဆွေးနွေးဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ဆေးလိပ်ငွေ့တစ်ဆင့်ခံရှုရှိုက်မိရာမှ ရောဂါခံစားရသူများ လျှော့ချနိုင်ရေးအတွက် အများပြည်သူနေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်ပြီး ဒေသအသီးသီးတွင် အကောင်အထည်ဖေါ်နေရာ ပင်းတယရှိ ရွှေဥမင်ဘုရားကို ဆေးလိပ်ငွေ့ကင်းစင်နေရာအဖြစ် ကမ္ဘာသို့ ကြေငြာနိုင်ခဲ့ပြီဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net