တာချီလိတ်မြို့ရှိ မက်သာဒုံးအစားထိုးတိုက်ကျွေးရေးနှင့် မူးယစ်ဆေးဖြတ်ကုသရေးလုပ်ငန်းများအား အလှူရှင်နိုင်ငံများက ကွင်းဆင်းလေ့လာ

တာချီလိတ်မြို့ရှိ မက်သာဒုံးအစားထိုးတိုက်ကျွေးရေးနှင့် မူးယစ်ဆေးဖြတ်ကုသရေးလုပ်ငန်းများအား အလှူရှင်နိုင်ငံများက ကွင်းဆင်းလေ့လာ
အောက်တိုဘာ 3, 2019
By 🌸
နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မက်သာဒုံးအစားထိုးတိုက်ကျွေးရေးဌာနနှင့် မူးယစ်ဆေးဖြတ်ကုသရေးလုပ်ငန်းများနှင့် ဆက်စပ်ဌာနများကို အလှူရှင်နိုင်ငံများက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့တွင် လာရောက်ပြီး မူးယစ်ဆေးဖြတ်ကုသရေးလုပ်ငန်းအခြေအနေများကို ကွင်းဆင်းလေ့လာသည်။

“မက်သာဒုံးအစားထိုး တိုက်ကျွေးရေးနဲ့ MANA (မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း) တို့ကို ထောက်ပံ့ပေးနေတဲ့ အလှူရှင်နိုင်ငံတွေရယ် ကျွန်တော်တို့ဆီက ပြည်သူ့ကျန်းမာ ဒုညွှန်ချုပ်၊ ပြည်နယ်မှူး၊ လက်ထောက်အတွင်းဝန်တို့က ဘိန်းအစားထိုး မက်သာဒုံးအစားထိုး တိုက်ကျွေးရေးဌာနရယ်၊ သူနဲ့ဆက်စပ်နေတဲ့ တီဘီတို့ HIV တို့ စတဲ့ဌာနတွေကို လာကြည့်တာပါ။ နောက် MANA (မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း) တို့က လုပ်ဆောင်နေတာတွေဆီကို သွားကြည့်တယ်။ သူတို့က နိုင်ငံတော်အဆင့် ပံ့ပိုးကူညီတာမျိုး လုပ်တာဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ဆီ လိုအပ်တာကို သက်ဆိုင်ရာဆီ တင်ပြရုံပါပဲ”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

အလှူရှင်နိုင်ငံများဖြစ်ကြသည့် ဆွီဒင်၊ ဆွစ်ဇာလန်၊ အမေရိကန်နှင့် ဗြိတိန်တို့မှ ကိုယ်စားလှယ်အဖွဲ့ဝင် (၅)ဦး လာရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ မက်သာဒုံးအစားထိုးတိုက်ကျွေးရေးဌာနတွင် မူးယစ်ဆေးသုံးစွဲနေသူများအား HIV ပိုး၊ အသည်းရောင် ဘီပိုး၊ စီပိုးနှင့် တီဘီရောဂါများကိုပါ စစ်ဆေးကုသပေးနေပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့အထိ မက်သာဒုံးအစားထိုးတိုက်ကျွေးနေသူ (၁၁၉)ဦး ရှိနေကြောင်းသိရသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေးရှိ တာချီလိတ်ပြည်သူ့ဆေးရုံဟောင်းအတွင်း ဖွင့်လှစ်ထားသည့် မက်သာဒုံးအစားထိုးတိုက်ကျွေးရေးစင်တာတွင် မူးယစ်ဆေးဖြတ်လူနာများအား မက်သာဒုံးအစားထိုး တိုက်ခြင်းအပြင် HIV ပိုး စစ်ဆေးပေးကာ လိုအပ်သူများအတွက်  ART ဆေးရရှိရန် ဆောင်ရွက်ပေးခြင်း၊ အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုးစစ်ဆေးပေးခြင်း၊ တီဘီရောဂါပိုးစစ်ဆေးပေးခြင်းများကိုလည်း ပြုလုပ်ပေးနေခြင်းဖြစ်ပြီး မူးယစ်ဆေးဖြတ်လိုသူများအနေဖြင့် စင်တာသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕ရိွ မက္သာဒံုးအစားထုိးတုိက္ေကၽြးေရးႏွင့္ မူးယစ္ေဆးျဖတ္ကုသေရးလုပ္ငန္းမ်ားအား အလွဴရွင္ႏုိင္ငံမ်ားက ကြင္းဆင္းေလ့လာ
************
နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ မက္သာဒံုးအစားထိုးတုိက္ေကၽြးေရးဌာနႏွင့္ မူးယစ္ေဆးျဖတ္ကုသေရးလုပ္ငန္းမ်ားႏွင့္ ဆက္စပ္ဌာနမ်ားကို အလွဴရွင္ႏုိင္ငံမ်ားက ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃)ရက္ေန႔တြင္ လာေရာက္ၿပီး မူးယစ္ေဆးျဖတ္ကုသေရးလုပ္ငန္းအေျခအေနမ်ားကို ကြင္းဆင္းေလ့လာသည္။

“မက္သာဒံုးအစားထိုး တုိက္ေကၽြးေရးနဲ႔ MANA (ျမန္မာႏုိင္ငံမူးယစ္ေဆးဝါးဆန္႔က်င္ေရးအသင္း) တုိ႔ကို ေထာက္ပံ့ေပးေနတဲ့ အလွဴရွင္ႏုိင္ငံေတြရယ္ ကၽြန္ေတာ္တုိ႔ဆီက ျပည္သူ႕က်န္းမာ ဒုညႊန္ခ်ဳပ္၊ ျပည္နယ္မွဴး၊ လက္ေထာက္အတြင္းဝန္တို႔က ဘိန္းအစားထိုး မက္သာဒံုးအစားထိုး တုိက္ေကၽြးေရးဌာနရယ္၊ သူနဲ႔ဆက္စပ္ေနတဲ့ တီဘီတုိ႔ HIV တုိ႔ စတဲ့ဌာနေတြကို လာၾကည့္တာပါ။ ေနာက္ MANA (ျမန္မာႏုိင္ငံမူးယစ္ေဆးဝါးဆန္႔က်င္ေရးအသင္း) တုိ႔က လုပ္ေဆာင္ေနတာေတြဆီကို သြားၾကည့္တယ္။ သူတုိ႔က ႏုိင္ငံေတာ္အဆင့္ ပံ့ပိုးကူညီတာမ်ိဳး လုပ္တာဆိုေတာ့ ကၽြန္ေတာ္တုိ႔က ကၽြန္ေတာ္တုိ႔ဆီ လိုအပ္တာကို သက္ဆုိင္ရာဆီ တင္ျပရံုပါပဲ”ဟု တာခ်ီလိတ္ခရို္င္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

အလွဴရွင္ႏုိင္ငံမ်ားျဖစ္ၾကသည့္ ဆြီဒင္၊ ဆြစ္ဇာလန္၊ အေမရိကန္ႏွင့္ ၿဗိတိန္တုိ႔မွ ကိုယ္စားလွယ္အဖြဲ႕ဝင္ (၅)ဦး လာေရာက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ရိွ မက္သာဒုံးအစားထိုးတိုက္ေကၽြးေရးဌာနတြင္ မူးယစ္ေဆးသံုးစြဲေနသူမ်ားအား HIV ပိုး၊ အသည္းေရာင္ ဘီပိုး၊ စီပိုးႏွင့္ တီဘီေရာဂါမ်ားကိုပါ စစ္ေဆးကုသေပးေနၿပီး ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃)ရက္ေန႔အထိ မက္သာဒံုးအစားထုိးတိုက္ေကၽြးေနသူ (၁၁၉)ဦး ရိွေနေၾကာင္းသိရသည္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေဘးရိွ တာခ်ီလိတ္ျပည္သူ႔ေဆးရံုေဟာင္းအတြင္း ဖြင့္လွစ္ထားသည့္ မက္သာဒုံုးအစားထုိးတုိက္ေကၽြးေရးစင္တာတြင္ မူးယစ္ေဆးျဖတ္လူနာမ်ားအား မက္သာဒုံးအစားထိုး တုိက္ျခင္းအျပင္ HIV ပုိး စစ္ေဆးေပးကာ လိုအပ္သူမ်ားအတြက္  ART ေဆးရရိွရန္ ေဆာင္ရြက္ေပးျခင္း၊ အသည္းေရာင္ အသားဝါ ဘီပိုးႏွင့္ စီပိုးစစ္ေဆးေပးျခင္း၊ တီဘီေရာဂါပိုးစစ္ေဆးေပးျခင္းမ်ားကိုလည္း ျပဳလုပ္ေပးေနျခင္းျဖစ္ၿပီး မူးယစ္ေဆးျဖတ္လိုသူမ်ားအေနျဖင့္ စင္တာသို႔ လာေရာက္ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net