မဟာမြတ်မုနိ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားလာမည့်သူများအတွက် မော်တော်ယာဉ် ရပ်နားရန် နေရာ (၅)ခု သတ်မှတ်

မဟာမြတ်မုနိ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားလာမည့်သူများအတွက် မော်တော်ယာဉ် ရပ်နားရန် နေရာ (၅)ခု သတ်မှတ်
အောက်တိုဘာ 26, 2019
By 🌸
မဟာမြတ်မုနိ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားလာမည့်သူများအတွက် မော်တော်ယာဉ် ရပ်နားရန် နေရာ (၅)ခု သတ်မှတ်
**************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၀) ရက်နေ့၌ ကျင်းပမည့် မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားသို့ လာရောက်မည့် မော်တော်ယာဉ်များအတွက် ယာဉ်ရပ်နားရန်နေရာ (၅) ခု စီစဉ်ပေးထားကြောင်း သိရသည်။

အန္တိမအဂ္ဂိဈာပနအခမ်းအနားကို လာရောက်မည့်သူများအနေဖြင့် မော်တော်ယာဉ်များကို မဟာမြတ်မုနိကျောင်းတိုက်ဝင်းအတွင်း၌ ရပ်နား၍ရမည်မဟုတ်ဘဲ အောင်မြတ်ခန်းမ၊ ဆောက်လုပ်ရေးဝင်း၊ မြို့နယ်လဝကရုံးဝင်း၊ ရွှေတိဂုံစေတီတော်ရင်ပြင်နှင့် ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ ရှမ်းရိုးမကွင်းတို့၌ ရပ်နားထားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပန အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၅) ရက်နေ့ ညနေ (၇) နာရီတွင် မဟာမြတ်မုနိကျောင်းတိုက်၌ ဝစီပိတ် ဆရာတော်ဦးဆောင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တြိဂံတိုင်းစစ်ဒေသ တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဇော်ပိုင်ထွန်းနှင့် တပ်မတော်မှ အရာရှိများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်နှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရဲအရာရှိကြီးများ၊ ဒါယိကာဒါယိကာမများတက်ရောက်ဆွေးနွေးခဲ့ကြပြီး ယာဉ်ရပ်နားကွင်းများ သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ❂⊱~~~~~~~~
**************
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net