ထိုင်းနိုင်ငံ လမ်းပန်းခရိုင်တွင် ဓါတ်အားလိုင်းမိုးကြိုးထိမှန်၍ တာချီလိတ်တွင် (၃)နာရီကျော် လျှပ်စစ်မီးပြတ်တောက်

ထိုင်းနိုင်ငံ လမ်းပန်းခရိုင်တွင် ဓါတ်အားလိုင်းမိုးကြိုးထိမှန်၍ တာချီလိတ်တွင် (၃)နာရီကျော် လျှပ်စစ်မီးပြတ်တောက်
အောက်တိုဘာ 4, 2019
By 🌸
တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ၊ လမ်းပန်းခရိုင်ဘက်တွင်  ဓါတ်အားလိုင်း မိုးကြိုး ထိမှန်ခြင်းနှင့် တာချီလိတ်မြို့ တာလော့ရပ်ကွက်တွင် ဝါယာကြိုးများလောင်သွားခြင်းတို့ကြောင့် လျှပ်စစ်မီး (၃)နာရီကျော်ပြတ်တောက်ခဲ့ရသည်။

လျှပ်စစ်မီးပို့လွှတ်နေသည့် ထိုင်းနိုင်ငံဘက်က ဓါတ်အားလိုင်းတစ်လိုင်း မိုးကြိုးထိမှန်၍ ပြင်ဆင်နေရကြောင်း တာချီလိတ်မီးလင်းရေးကော်မတီသို့ ဆက်သွယ်အကြောင်းကြားပြီး (၂)နာရီအတွင်း ပြန်လည် ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး ပြန်လည်ပို့လွှတ်ချိန်တွင် တာချီလိတ်မြို့ တာလော့ရပ်ကွက် စင်္ကာပူကုန်တိုက်ဟောင်းအနီး၌ လျှပ်စစ်ဝါယာကြိုးများလောင်နေသဖြင့် မီးလင်းရေးအပိုင်း (၂)ကို နေ့လယ် (၁၂)နာရီ (၂၉)မိနစ်ဝန်းကျင်တွင် လျှပ်စစ်မီး ပြန်လည်ပို့လွှတ်နိုင်သော်လည်း မီးလင်းရေးအပိုင်း(၁)ကို ဝါယာကြိုးများလဲလှယ်ပြီး ညနေ (၂)နာရီကျော်တွင် ပြန်လည် ပို့လွှတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု မီးလင်းရေးကော်မတီ တာဝန်ရှိသူထံမှ သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ထုိင္းနိုင္ငံ လမ္းပန္းခရိုင္တြင္ ဓါတ္အားလိုင္းမိုးႀကိဳးထိမွန္၍ တာခ်ီလိတ္တြင္ (၃)နာရီေက်ာ္ လွ်ပ္စစ္မီးျပတ္ေတာက္
************
တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၄)ရက္ေန႔ ေန႔လယ္ပိုင္းက ထုိင္းနုိင္ငံ၊ လမ္းပန္းခရိုင္ဘက္တြင္  ဓါတ္အားလိုင္း မိုးႀကိဳး ထိမွန္ျခင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕ တာေလာ့ရပ္ကြက္တြင္ ဝါယာႀကိဳးမ်ားေလာင္သြားျခင္းတုိ႔ေၾကာင့္ လွ်ပ္စစ္မီး (၃)နာရီေက်ာ္ျပတ္ေတာက္ခဲ့ရသည္။

လွ်ပ္စစ္မီးပို႔လႊတ္ေနသည့္ ထုိင္းႏုိင္ငံဘက္က ဓါတ္အားလိုင္းတစ္လုိင္း မိုးႀကိဳးထိမွန္၍ ျပင္ဆင္ေနရေၾကာင္း တာခ်ီလိတ္မီးလင္းေရးေကာ္မတီသို႔ ဆက္သြယ္အေၾကာင္းၾကားၿပီး (၂)နာရီအတြင္း ျပန္လည္ ျပင္ဆင္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံဘက္မွ လွ်ပ္စစ္မီး ျပန္လည္ပို႔လႊတ္ခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕ တာေလာ့ရပ္ကြက္ စကၤာပူကုန္တုိက္ေဟာင္းအနီး၌ လွ်ပ္စစ္ဝါယာႀကိဳးမ်ားေလာင္ေနသျဖင့္ မီးလင္းေရးအပိုင္း (၂)ကို ေန႔လယ္ (၁၂)နာရီ (၂၉)မိနစ္ဝန္းက်င္တြင္ လွ်ပ္စစ္မီး ျပန္လည္ပို႔လႊတ္ႏုိင္ေသာ္လည္း မီးလင္းေရးအပိုင္း(၁)ကို ဝါယာႀကိဳးမ်ားလဲလွယ္ၿပီး ညေန (၂)နာရီေက်ာ္တြင္ ျပန္လည္ ပို႔လႊတ္ႏုိင္ခဲ့ျခင္းျဖစ္သည္ဟု မီးလင္းေရးေကာ္မတီ တာဝန္ရိွသူထံမွ သိရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net