ကယားအမျိုးသားတို့၏ (၇)ကြိမ်မြောက် စုပေါင်းအဲ့ဒိုပေါ်မီပွဲတော် ဖယ်ခုံမြို့နယ်၊ နောင်လိုင်တွင် ကျင်းပ

ကယားအမျိုးသားတို့၏ (၇)ကြိမ်မြောက် စုပေါင်းအဲ့ဒိုပေါ်မီပွဲတော် ဖယ်ခုံမြို့နယ်၊ နောင်လိုင်တွင် ကျင်းပ
အောက်တိုဘာ 5, 2019
By 🌸
ကယားအမျိုးသားတို့၏ (၇)ကြိမ်မြောက် စုပေါင်းအဲ့ဒိုပေါ်မီပွဲတော်အခမ်းနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ နောင်လိုင်ကျေးရွာတွင် ကျင်းပသည်။

( ၇) ကြိမ်မြောက် ကယားတစ်မျိုးသားလုံးဆိုင်ရာ စုပေါင်းအဲ့ဒိုပေါ်မီပွဲတော်အား အောက်တိုဘာလ(၃) ရက်နေ့မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အားကစားပြိုင်ပွဲများ၊ ဖက်ရှင်ရှိုးပြိုင်ပွဲများ၊ တေးဂီတဖျော်ဖြေပွဲများပါ ထည့်သွင်းထားပြီး  ပွဲတော်နေ့ရက်ကြီးအခမ်းအနားကို  ရိုးရာကြက်ရိုးထိုးကာ ရွေးချယ်ထားသည့် အောက်တိုဘာလ (၅)ရက်နေ့တွင်ကျင်းပခြင်း ဖြစ်သည်။

ရိုးရာအဲ့ဒိုပေါ်မီပွဲတော်တွင် ကရင်နီအလံတော်အား စုပေါင်းအလေးပြုခြင်း၊ ကယားရိုးရာ အဲ့ဒိုပေါ်မီနှင့်သက်ဆိုင်သော တေးကဗျာရွတ်ဖက်ခြင်း၊  သက်ဆိုင်ရာခေါင်းဆောင်အသီးသီးမှ အမှာစကားများပြောကြားခြင်း ၊ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် အဲ့ဒိုပေါ်မီအကအား တက်ရောက်လာသူများ စုပေါင်းပါဝင်ကခုန်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပွဲတော်တွင်လာရောက်ကြသူများအား အဲ့ဒိုပေါ်မီပွဲတော်၏ အမှတ်လက္ခဏာဖြစ်သည့်  ဒီးကူနှင့် ခေါင်ရည်များအားကျွေးမွေးဧည့်ခံခြင်းအပြင်  ထမင်း၊ဟင်းများ၊ ရိုးရာအစားအစာများအား တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြပြီး ကျေးရွာအလိုက် လာရောက်ကြသူများကလည်း အဲ့ဒိုပေါ်မီအကများဖြင့် ကျေးရွာတွင်း လှည့်လည်ကပြ ခဲ့ကြသည်။

ကယားရိုးရာ အဲ့ဒိုပေါ်မီပွဲတော် နှစ်စဉ်ကျင်းပရခြင်းရည်ရွယ်ချက်မှာ လယ်ယာတွင်စိုက်ပျိုးထားသည့်  သီးနှံများ ဖြစ်ထွန်းရေး၊ ဒေသတွင်း ရောဂါဘယကင်းဝေးရေးတို့အတွက် ရိုးရာပူဇော်ပသပြီး မကောင်းဆိုးဝါးများကို ကျေးရွာတွင်းမှ နှင်ထုတ်ကြခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဌ ၊ ဗမာနှင့်ကယန်း တိုင်းရင်းသားရေးရာဝန်ကြီးများ ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များ၊KNPP မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ ၊ ဒေသအသီးသီးမှ တိုင်းရင်းသားများနှင့် လာရောက်လည်ပတ်သည့် ဧည့်သည်များ  တက်ရောက်ခဲ့ကြသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
 ကယားအမ်ိဳးသားတို႔၏ (၇)ႀကိမ္ေျမာက္ စုေပါင္းအဲ့ဒိုေပၚမီပြဲေတာ္ ဖယ္ခံုၿမိဳ႕နယ္၊ ေနာင္လုိင္တြင္ က်င္းပ
************
ကယားအမ်ိဳးသားတို႔၏ (၇)ႀကိမ္ေျမာက္ စုေပါင္းအဲ့ဒိုေပၚမီပြဲေတာ္အခမ္းနားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၅)ရက္ေန႔က ႐ွမ္းျပည္နယ္ (ေတာင္ပိုင္း) ဖယ္ခုံၿမိဳ႕နယ္၊ ေနာင္လိုင္ေက်း႐ြာတြင္ က်င္းပသည္။

( ၇) ႀကိမ္ေျမာက္ ကယားတစ္မ်ိဳးသားလုံးဆိုင္ရာ စုေပါင္းအ့ဲဒိုေပၚမီပြဲေတာ္အား ေအာက္တိုဘာလ(၃) ရက္ေန႔မွစ၍ က်င္းပခဲ့ျခင္းျဖစ္ၿပီး အားကစားၿပိဳင္ပြဲမ်ား၊ ဖက္႐ွင္႐ႈိးၿပိဳင္ပြဲမ်ား၊ ေတးဂီတေဖ်ာ္ေျဖပြဲမ်ားပါ ထည့္သြင္းထားၿပီး  ပြဲေတာ္ေန႔ရက္ႀကီးအခမ္းအနားကို  ႐ုိးရာၾကက္႐ုိးထိုးကာ ေရြးခ်ယ္ထားသည့္ ေအာက္တိုဘာလ (၅)ရက္ေန႔တြင္က်င္းပျခင္း ျဖစ္သည္။

ရိုးရာအဲ့ဒိုေပၚမီပြဲေတာ္တြင္ ကရင္နီအလံေတာ္အား စုေပါင္းအေလးျပဳျခင္း၊ ကယား႐ုိးရာ အဲ့ဒိုေပၚမီႏွင့္သက္ဆိုင္ေသာ ေတးကဗ်ာရြတ္ဖက္ျခင္း၊  သက္ဆိုင္ရာေခါင္းေဆာင္အသီးသီးမွ အမွာစကားမ်ားေျပာၾကားျခင္း ၊ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားေပးအပ္ျခင္းႏွင့္ အဲ့ဒိုေပၚမီအကအား တက္ေရာက္လာသူမ်ား စုေပါင္းပါဝင္ကခုန္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

ပြဲေတာ္တြင္လာေရာက္ၾကသူမ်ားအား အဲ့ဒိုေပၚမီပြဲေတာ္၏ အမွတ္လကၡဏာျဖစ္သည့္  ဒီးကူႏွင့္ ေခါင္ရည္မ်ားအားေကြၽးေမြးဧည့္ခံျခင္းအျပင္  ထမင္း၊ဟင္းမ်ား၊ ႐ုိးရာအစားအစာမ်ားအား တည္ခင္းဧည့္ခံေကြၽးေမြးခဲ့ၾကၿပီး ေက်းရြာအလိုက္ လာေရာက္ၾကသူမ်ားကလည္း အဲ့ဒိုေပၚမီအကမ်ားျဖင့္ ေက်းရြာတြင္း လွည့္လည္ကျပ ခဲ့ၾကသည္။

ကယား႐ုိးရာ အဲ့ဒိုေပၚမီပြဲေတာ္ ႏွစ္စဥ္က်င္းပရျခင္းရည္ရြယ္ခ်က္မွာ လယ္ယာတြင္စိုက္ပ်ိဳးထားသည့္  သီးႏွံမ်ား ျဖစ္ထြန္းေရး၊ ေဒသတြင္း ေရာဂါဘယကင္းေဝးေရးတို႔အတြက္ ရိုးရာပူေဇာ္ပသၿပီး မေကာင္းဆိုးဝါးမ်ားကို ေက်းရြာတြင္းမွ ႏွင္ထုတ္ၾကျခင္းျဖစ္သည္။

အဆိုပါ အခမ္းအနားသို႔ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ဝင္မ်ား၊ ကယားျပည္နယ္ လႊတ္ေတာ္ဥကၠဌ ၊ ဗမာႏွင့္ကယန္း တိုင္းရင္းသားေရးရာဝန္ႀကီးမ်ား ၊လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဘာသာေရးေခါင္းေဆာင္မ်ား၊KNPP မွ ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရးပါတီမ်ား ၊ ေဒသအသီးသီးမွ တိုင္းရင္းသားမ်ားႏွင့္ လာေရာက္လည္ပတ္သည့္ ဧည့္သည္မ်ား  တက္ေရာက္ခဲ့ၾကသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net