မဲခေါင်မြစ်ဝှမ်းငါးနိုင်ငံမှ သံဃာတော်များ စုပေါင်း၍ ဒုတိယအကြိမ် ဓမ္မယထရခရီးစဉ်အတွက် ရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံတို့တွင် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြခြင်း

မဲခေါင်မြစ်ဝှမ်းငါးနိုင်ငံမှ သံဃာတော်များ စုပေါင်း၍ ဒုတိယအကြိမ် ဓမ္မယထရခရီးစဉ်အတွက် ရှမ်းပြည်နယ်နှင့် ထိုင်းနိုင်ငံတို့တွင် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြခြင်း
အောက်တိုဘာ 7, 2019
By Tachileik News Agency
မဲခေါင်မြစ်ဝှမ်းငါးနိုင်ငံမှ သံဃာတော်များ စုပေါင်း၍ ဒုတိယအကြိမ် ဓမ္မယထရခရီးစဉ် အဆင်ပြေ ချောမွေ့စေရေး အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဌ၊ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ ဦးဆောင်သည့် အဖွဲ့သည် အောက်တိုဘာ (၂)ရက်မှ (၅)ရက်အထိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်သော တာဝန်ရှိသူများနှင့် တောင်ကြီးမြို့၌ ဆွေးနွေးခဲ့ပြီး သံဃာတော်များ ကြွချီလာမည့် တာချီလိတ်မြို့၊ ကျိုင်းတုံမြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့များ၌ အကြိုဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့ ပူးပေါင်း၍ မဲခေါင်မြစ်ဝှမ်း ငါးနိုင်ငံမှ သံဃာတော်များ စုပေါင်းကာ ဒုတိယအကြိမ်မြောက် ဓမ္မယထရ ခရီးစဉ်အဖြစ် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများသို့ အောက်တိုဘာလ (၁၄)ရက်မှ (၃၁)ရက်အထိ ကြွချီကြမည်ဖြစ်သည်။

သာသနာနုဂ္ဂအသင်း(ဗဟို)ဥက္ကဌသည် တောင်ကြီးမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် တာဝန်ရှိသူများ၊ တာချီလိတ်မြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြို့တော်ဝန် Mr. Somsak Janakham နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့နောက် တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဓမ္မသီရိနှင့် ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဂုံရှမ်းသံဃဂိုဏ်းချုပ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တခေမာစာရ ဆရာတော်ကြီး၊ ဟိုခုံပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာန နာယကဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိက ဆရာတော်ကြီးနှင့် ပါလျန်ကျောင်း ဆရာတော်တို့အား သွားရောက်ဦးခိုက် ဖူးမြော်၍ နဝကမ္မအလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် သာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဌနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ တာဝန်ရှိသူများနှင့်အတူ မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံ ဓမ္မယထရခရီးစဉ် (၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပမည့် ချင်းရိုင်းခရိုင်၊ ချင်းဆန်းမြို့ရှိ ထပ်ဖငေါင်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်ကြီးအား ဖူးမြော်ခဲ့ကြသည်။

သာသနာနုဂ္ဂဟအသင်း (ဗဟို)



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

မဲေခါင္ျမစ္ဝွမ္းငါးႏုိင္ငံမွ သံဃာေတာ္မ်ား စုေပါင္း၍ ဒုတိယအႀကိမ္ ဓမၼယထရခရီးစဥ္္အတြက္ ရွမ္းျပည္နယ္ႏွင့္ ထုိင္းႏုိင္ငံတုိ႔တြင္ ႀကိဳတင္ညိႇႏိႈင္းမႈမ်ား ျပဳလုပ္ခဲ့ၾကျခင္း
**************

မဲေခါင္ျမစ္ဝွမ္းငါးႏိုင္ငံမွ သံဃာေတာ္မ်ား စုေပါင္း၍ ဒုတိယအႀကိမ္ ဓမၼယထရခရီးစဥ္ အဆင္ေျပ ေခ်ာေမြ႕ေစေရး အတြက္ ျမန္မာႏုိင္ငံလံုးဆုိင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း (ဗဟို) ဥကၠဌ၊ ဝဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊ ဦးေဆာင္သည့္ အဖြဲ႕သည္ ေအာက္တုိဘာ (၂)ရက္မွ (၅)ရက္အထိ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးေဆာင္ေသာ တာဝန္ရိွသူမ်ားႏွင့္ ေတာင္ႀကီးၿမိဳ႕၌ ေဆြးေႏြးခဲ့ၿပီး သံဃာေတာ္မ်ား ၾကြခ်ီလာမည့္ တာခ်ီလိတ္ၿမိဳ႕၊ က်ိဳင္းတံုၿမိဳ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕မ်ား၌ အႀကိဳေဆြးေႏြး ညိႇႏိႈင္းခဲ့ၾကသည္။

ျမန္မာႏုိင္ငံလံုးဆုိင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္းႏွင့္ ထုိင္းႏိုင္ငံ ေဗာဓိဂယာဝိဇၨာလ် ၉၈၀ အဖြဲ႕ခ်ဳပ္တုိ႔ ပူးေပါင္း၍ မဲေခါင္ျမစ္ဝွမ္း ငါးႏုိင္ငံမွ သံဃာေတာ္မ်ား စုေပါင္းကာ ဒုတိယအႀကိမ္ေျမာက္ ဓမၼယထရ ခရီးစဥ္အျဖစ္ ထုိင္း၊ ျမန္မာ၊ ဗီယက္နမ္၊ ကေမၻာဒီးယား၊ လာအိုႏုိင္ငံမ်ားသို႔ ေအာက္တိုဘာလ (၁၄)ရက္မွ (၃၁)ရက္အထိ ၾကြခ်ီၾကမည္ျဖစ္သည္။

သာသနာႏုဂၢအသင္း(ဗဟို)ဥကၠဌသည္ ေတာင္ႀကီးၿမိဳ႕၌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္ႏွင့္ တာဝန္ရိွသူမ်ား၊ တာခ်ီလိတ္ၿမိဳ႕တြင္ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးမွဴးႏွင့္ တာဝန္ရိွသူမ်ား၊ ထုိင္းႏိုင္ငံ မယ္ဆုိင္ၿမိဳ႕တြင္ ၿမိဳ႕ေတာ္ဝန္ Mr. Somsak Janakham ႏွင့္ တာဝန္ရိွသူမ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကသည္။

ထုိ႔ေနာက္ တာခ်ီလိတ္ၿမိဳ႕၊ နဂါးႏွစ္ေကာင္ေက်ာင္းတုိက္ ဆရာေတာ္ ႏုိင္ငံေတာ္ၾသဝါဒါစရိယ၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ ေဒါက္တာဘဒၵႏၱဓမၼသီရိႏွင့္ က်ိဳင္းတံုၿမိဳ႕ရိွ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ဂံုရွမ္းသံဃဂိုဏ္းခ်ဳပ္၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ၊ ဘဒၵႏၱေခမာစာရ ဆရာေတာ္ႀကီး၊ ဟိုခံုပရိယတၱိစာသင္တုိက္၊ ဦးစီးပဓာန နာယကဆရာေတာ္၊ ႏုိင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၱေဇာတိက ဆရာေတာ္ႀကီးႏွင့္ ပါလ်န္ေက်ာင္း ဆရာေတာ္တို႔အား သြားေရာက္ဦးခုိက္ ဖူးေျမာ္၍ နဝကမၼအလွဴေတာ္ေငြႏွင့္ လွဴဖြယ္ဝတၳဳပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းခဲ့သည္။

ထို႔ေနာက္ သာသနာႏုဂၢဟအသင္း (ဗဟို) ဥကၠဌႏွင့္အဖြဲ႕သည္ ထုိင္းႏုိင္ငံ၊ မယ္ဆိုင္ၿမိဳ႕မွ တာဝန္ရိွသူမ်ားႏွင့္အတူ မဲေခါင္ျမစ္ဝွမ္း (၅) ႏုိင္ငံ ဓမၼယထရခရီးစဥ္ (၂၀၁၉) ဖြင့္ပြဲအခမ္းအနား က်င္းပမည့္ ခ်င္းရိုင္းခရိုင္၊ ခ်င္းဆန္းၿမိဳ႕ရိွ ထပ္ဖေငါင္းဘုန္းေတာ္ႀကီးေက်ာင္းသို႔ သြားေရာက္၍ ဆရာေတာ္ႀကီးအား ဖူးေျမာ္ခဲ့ၾကသည္။

သာသနာႏုဂၢဟအသင္း (ဗဟို)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net