တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနနှင့် အန္တိမပူဇော်နောက်ဆုံးတရားပွဲ ဟောကြားရန် သီတဂူဆရာတော် ကြွရောက်လာ

တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနနှင့် အန္တိမပူဇော်နောက်ဆုံးတရားပွဲ ဟောကြားရန် သီတဂူဆရာတော် ကြွရောက်လာ
အောက်တိုဘာ 29, 2019
By Tachileik News Agency
တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနနှင့် အန္တိမပူဇော်နောက်ဆုံးတရားပွဲ ဟောကြားရန် သီတဂူဆရာတော် ကြွရောက်လာ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားနှင့် တရားတော်ဟောကြားရန်အတွက် သီတဂူဆရာတော်သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့သို့ ကြွရောက်လာသည်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သီတဂူဆရာတော် ဒေါက်တာအရှင်ဉါဏိဿရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကတဇ မဟာဓမ္မကထိက ဗဟုဝနဟိတဇန အဂ္ဂမဟာဂန္တဝါစကပဏ္ဍိသည် မန်းရတနာပုံလေကြောင်းလိုင်းဖြင့် တာချီလိတ်လေဆိပ်သို့ ညနေ (၂) နာရီ (၃၀) မိနစ်တွင် ရောက်ရှိလာရာ ဒေသတာဝန်ရှိသူများနှင့် ဒါယိကာ၊ ဒါယိကာမများက ကြိုဆိုကြသည်။

ဆရာတော်သည် တာချီလိတ်လေဆိပ်မှနေ၍ မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနကျင်းပမည့် မြို့မသုဿန် (ပုံလို့)သို့ ကြွရောက်သည်။

ယင်းနောက် မဟာမြတ်မုနိကျောင်းတိုက်ဝင်းအတွင်း (၆)ရက်ကြာကျင်းပသည့် တရားပွဲ၏ အပိတ်တရားပွဲကို ည(၇)နာရီတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၏ ဓမ္မအလှူအဖြစ် တရားဟောကြားမည်ဖြစ်သည်။

တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်၏ အန္တိမအဂ္ဂိဈာပနပူဇော်တရားပွဲများကို မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ အောက်တိုဘာလ (၂၄)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပခြင်းဖြစ်သည်။

တရားပွဲပထမနေ့ဖြစ်သည့် အောက်တိုဘာလ (၂၄)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၏ အလှူအဖြစ် မြန်မာနိုင်ငံ၏ (၁၄)ပါးမြောက် တိပိဋကကောဝိဒဘွဲ့ရ ကမ္ဘောဇဆရာတော် ဘဒ္ဒန္တဝီရိယာနန္ဒ၊ အောက်တိုဘာလ (၂၅)ရက်နေ့တွင် ဓမ္မမိတ်ဆွေများ၏အလှူများအဖြစ် တာချီလိတ်မြို့ မဟာဗောဓိ ကမ္မဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒ န္တဉာဏဝရ သဓမ္မဇောတိကဓဇ၊ အောက်တိုဘာလ (၂၆)ရက်နေ့တွင် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ သာသနဓဇ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ Ph.D(Oxford)၊ အောက်တိုဘာ (၂၇) ရက်နေ့တွင် ကျိုင်းတုံမြို့ လွယ်လုံကျောင်းတိုက် ဆရာတော် ဘဒ္ဒ န္တပညာသီရိ၊ သာသနဓဇဓမ္မာစရိယ(MA)၊ သဒ္ဓမ္မဇောတိကဓဇ၊ အောက်တိုဘာ (၂၈) ရက်နေ့တွင် မူဆယ်မြို့၊ လွယ်တိန်ခမ်းကျောင်းတိုက် ဆရာတော်၊ ဘဒ္ဒ န္တသုခမိန္ဒ၊ သာသနတက္ကသီလမဟာဓမ္မာစရိယ၊ B.A.M.A အဂ္ဂမဟာကမ္မဌာနာစရိယတို့ ဟောကြားခဲ့ခြင်းဖြစ်သည်။

သက်တော်(၈၄)နှစ် ဝါတော်(၆၁)ဝါရှိ မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၀) ရက်နေ့၌ ပုံလို့ရှိ မြို့မသုဿန်သစ်တွင် ကျင်းပမည် ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနႏွင့္ အႏၱိမပူေဇာ္ေနာက္ဆံုးတရားပြဲ ေဟာၾကားရန္ သီတဂူဆရာေတာ္ ၾကြေရာက္လာ

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဦးစီးပဓာန နာယက ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပန အခမ္းအနားႏွင့္ တရားေတာ္ေဟာၾကားရန္အတြက္ သီတဂူဆရာေတာ္သည္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၉) ရက္ေန႔ ညေနပိုင္းက တာခ်ီလိတ္ၿမိဳ႕သို႔ ၾကြေရာက္လာသည္။

သီတဂူကမၻာ့ဗုဒၶတကၠသိုလ္ သီတဂူဆရာေတာ္ ေဒါက္တာအရွင္ဥာဏိႆရ အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼေဇာတိကတဇ မဟာဓမၼကထိက ဗဟုဝနဟိတဇန အဂၢမဟာဂႏၱ၀ါစကပ႑ိသည္ မန္းရတနာပံုေလေၾကာင္းလိုင္းျဖင့္ တာခ်ီလိတ္ေလဆိပ္သို႔ ညေန (၂) နာရီ (၃၀) မိနစ္တြင္ ေရာက္ရိွလာရာ ေဒသတာဝန္ရိွသူမ်ားနွင့္ ဒါယိကာ၊ ဒါယိကာမမ်ားက ႀကိဳဆိုၾကသည္။

ဆရာေတာ္သည္ တာခ်ီလိတ္ေလဆိပ္မွေန၍ မဟာျမတ္မုနိဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနက်င္းပမည့္ ၿမိဳ႕မသုႆန္ (ပံုလို႔)သို႔ ၾကြေရာက္သည္။

ယင္းေနာက္ မဟာျမတ္မုနိေက်ာင္းတုိက္ဝင္းအတြင္း (၆)ရက္ၾကာက်င္းပသည့္ တရားပြဲ၏ အပိတ္တရားပြဲကို ည(၇)နာရီတြင္  ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၏ ဓမၼအလွဴအျဖစ္ တရားေဟာၾကားမည္ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဦးစီးပဓာန နာယက ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနပူေဇာ္တရားပြဲမ်ားကို မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္၌ ေအာက္တိုဘာလ (၂၄)ရက္ေန႔မွ (၂၉)ရက္ေန႔အထိ က်င္းပျခင္းျဖစ္သည္။

တရားပြဲပထမေန႔ျဖစ္သည့္ ေအာက္တိုဘာလ (၂၄)ရက္ေန႔တြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ၏ အလွဴအျဖစ္ ျမန္မာႏုိင္ငံ၏ (၁၄)ပါးေျမာက္ တိပိဋကေကာဝိဒဘြဲ႕ရ ကေမၻာဇဆရာေတာ္ ဘဒၵႏၱဝီရိယာနႏၵ၊ ေအာက္တိုဘာလ (၂၅)ရက္ေန႔တြင္ ဓမၼမိတ္ေဆြမ်ား၏အလွဴမ်ားအျဖစ္ တာခ်ီလိတ္ၿမိဳ႕ မဟာေဗာဓိ ကမၼဌာန္းေက်ာင္းတုိက္ ဆရာေတာ္ ဘဒၵ ႏၱဥာဏဝရ သဓမၼေဇာတိကဓဇ၊ ေအာက္တိုဘာလ (၂၆)ရက္ေန႔တြင္ ရွမ္းျပည္နယ္ ဗုဒၶတကၠသိုလ္၏ အဓိပတိ သာသနဓဇ ဓမၼာစရိယ၊ အဂၢမဟာဂႏၳဝါစကပ႑ိတ အဂၢမဟာသဒၶမၼေဇာတိကဓဇ၊ Ph.D(Oxford)၊ ေအာက္တိုဘာ (၂၇) ရက္ေန႔တြင္ က်ိဳင္းတံုၿမို႕ လြယ္လံုေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵ ႏၱပညာသီရိ၊ သာသနဓဇဓမၼာစရိယ(MA)၊ သဒၶမၼေဇာတိကဓဇ၊ ေအာက္တိုဘာ (၂၈) ရက္ေန႔တြင္ မူဆယ္ၿမို႕၊ လြယ္တိန္ခမ္းေက်ာင္းတိုက္ ဆရာေတာ္၊ ဘဒၵ ႏၱသုခမိႏၵ၊ သာသနတကၠသီလမဟာဓမၼာစရိယ၊ B.A.M.A အဂၢမဟာကမၼဌာနာစရိယတို႔ ေဟာၾကားခဲ့ျခင္းျဖစ္သည္။

သက္ေတာ္(၈၄)ႏွစ္ ၀ါေတာ္(၆၁)၀ါရွိ မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ အႏၱိမအဂၢိစ်ာပနအခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၃၀) ရက္ေန႔၌ ပံုလို႔ရိွ ၿမိဳ႕မသုႆန္သစ္တြင္ က်င္းပမည္ ျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net