တာခ်ီလိတ္တြင္ လူငယ္ေရးရာေကာ္မတီ ဖြဲ႔စည္းရန္အတြက္ လူငယ္မ်ားႏွင့္ေတြ႔ဆံုကာ အမည္စာရင္း ေကာက္ယူ

တာခ်ီလိတ္တြင္ လူငယ္ေရးရာေကာ္မတီ ဖြဲ႔စည္းရန္အတြက္ လူငယ္မ်ားႏွင့္ေတြ႔ဆံုကာ အမည္စာရင္း ေကာက္ယူ
စက်တင်ဘာ 26, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္လူငယ္ေရးရာေကာ္မတီဖြဲ႔စည္းေရးအတြက္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္စုေပါင္းရံုးတြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွူးႏွင့္ လူငယ္အဖြဲ႔အစည္းမ်ားေတြ႔ဆံုမႈအျဖစ္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၂၆)ရက္ေန႔တြင္ ျပဳလုပ္ၿပီး ေကာ္မတီဖြဲ႔စည္းေရးအတြက္ ပါ၀င္လိုသည့္ လူငယ္အမည္စာရင္းမ်ား ရယူခဲ့ၾကသည္။

အဆိုပါ ေတြ႔ဆံုပြဲတြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ ႏွင့္ အရပ္ဖက္အဖြဲ႔အစည္းမ်ားမွ လူငယ္မ်ား တက္ေရာက္ခဲ့ၾကၿပီး ပါ၀င္မည့္သူမ်ားက အမည္စာရင္ေပးခ့ဲၾကျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕နယ္လူငယ္ေရးရာေကာ္မတီတြင္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဥကၠဌ၊ အတြင္းေရးမွဴးက ဌာနဆိုင္ရာမ်ားႏွင့္အျခားလူငယ္မ်ားအၾကား ပူးေပါင္းခ်ိတ္ဆက္ႏုိင္မည့္သူ ျဖစ္ရမည့္အတြက္ တာခ်ီလိတ္လူငယ္ကြန္ရက္မွ မျဖဴျဖဴ၀င္းအား အဆိုျပဳခဲ့ၾကၿပီး အရပ္အဖက္အဖြဲ႔အစည္းမ်ားႏွင့္ ႏိုင္ငံေရးပါတီမ်ားမွ လူငယ္(၂)စီး စုစုေပါင္း လူဦးေရ (၄၀)၀န္းက်င္ျဖင့္ မည္စာရင္း ရယူထားၿပီး အမည္စာရင္းမ်ားကို ခရိုင္မွတဆင့္ ျပည္နယ္သို႔ ဆက္လက္တင္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္လူငယ္ေရးရာေကာ္မတီတြင္ ဌာနဆိုင္ရာမ်ားအေနျဖင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး အပါအ၀င္  ပညာေရး၊ အားကစား၊ က်န္းမာေရး၊ ျပန္/ဆက္၊ လူမႈ၀န္ထမ္း ႏွင့္ မီးသတ္ တို႔မွ လူငယ္မ်ား အျပင္ အခ်ဳိ႕ေသာဌာနမ်ားမွ လူငယ္၀န္ထမ္းမ်ား ပါ၀င္ေၾကာင္း သိရသည္။

အရပ္ဖက္မွအေနျဖင့္  အရပ္ဖက္အဖြဲ႔အစည္းမ်ားမွ လူငယ္မ်ား၊  ႏိုင္ငံေရးပါတီမွ လူငယ္မ်ား၊ တကၠသိုလ္တက္ေနသည့္ လူငယ္မ်ား၊ NGO မွ လူငယ္မ်ား အပါအ၀င္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း တာေလၿမိဳ႕မွ လူငယ္မ်ား ပါ၀င္ခဲ့ေၾကာင္း သိရသည္။

လူငယ္ေရးရာေကာ္မတီဖြဲ႕႔သို႔ အသက္(၃၅)ႏွစ္ေအာက္ကို လူငယ္မ်ား ပါ၀င္ႏုိ္င္ရန္ သတ္မွတ္ထားသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း




~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့နယ်လူငယ်ရေးရာကော်မတီဖွဲ့စည်းရေးအတွက် တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူငယ်အဖွဲ့အစည်းများတွေ့ဆုံမှုအဖြစ် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့တွင် ပြုလုပ်ပြီး ကော်မတီဖွဲ့စည်းရေးအတွက် ပါဝင်လိုသည့် လူငယ်အမည်စာရင်းများ ရယူခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ လူငယ်များ တက်ရောက်ခဲ့ကြပြီး ပါဝင်မည့်သူများက အမည်စာရင်ပေးခဲ့ကြခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်လူငယ်ရေးရာကော်မတီတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌ၊ အတွင်းရေးမှူးက ဌာနဆိုင်ရာများနှင့်အခြားလူငယ်များအကြား ပူးပေါင်းချိတ်ဆက်နိုင်မည့်သူ ဖြစ်ရမည့်အတွက် တာချီလိတ်လူငယ်ကွန်ရက်မှ မဖြူဖြူဝင်းအား အဆိုပြုခဲ့ကြပြီး အရပ်အဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ လူငယ်(၂)စီး စုစုပေါင်း လူဦးရေ (၄၀)ဝန်းကျင်ဖြင့် မည်စာရင်း ရယူထားပြီး အမည်စာရင်းများကို ခရိုင်မှတဆင့် ပြည်နယ်သို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်လူငယ်ရေးရာကော်မတီတွင် ဌာနဆိုင်ရာများအနဖြေင့် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ပညာရေး၊ အားကစား၊ ကျန်းမာရေး၊ ပြန်/ဆက်၊ လူမှုဝန်ထမ်း နှင့် မီးသတ် တို့မှ လူငယ်များ အပြင် အချို့သောဌာနများမှ လူငယ်ဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။

အရပ်ဖက်မှအနဖြေင့် အရပ်ဖက်အဖွဲ့အစည်းများမှ လူငယ်များ၊ နိုင်ငံရေးပါတီမှ လူငယ်များ၊ တက္ကသိုလ်တက်နေသည့် လူငယ်များ၊ NGO မှ လူငယ်များ အပါအဝင် တာချီလိတ်မြို့နယ်အတွင်း တာလမြေို့မှ လူငယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာကော်မတီဖွဲ့သို့ အသက်(၃၅)နှစ်အောက်ကို လူငယ်များ ပါဝင်နို်င်ရန် သတ်မှတ်ထားသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net