ရွမ္းေျမာက္ တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းတြင္ ႏြားတင္ယာဥ္ကို ပစ္ခတ္ခံရ၍ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ

ရွမ္းေျမာက္ တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းတြင္ ႏြားတင္ယာဥ္ကို ပစ္ခတ္ခံရ၍ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရ
သြဂုတ် 12, 2019
By 🌸
ပစ္ခတ္သူကိုေဖၚထုတ္ႏုိင္ေလ့မရိွသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း ျပည္ေထာင္စုလမ္းမႀကီးတြင္ ႏြားတင္ေမာ္ေတာ္ယာဥ္မ်ားအားပစ္ခတ္မႈ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၂)ရက္ေန႔က ထပ္မံျဖစ္ပြား၍ တစ္ဦးေသ၊ တစ္ဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္၊ စံေလာင္ရြာႏွင့္ ကံုးမံုရြာၾကားတြင္ ၾသဂုတ္လ (၁၂)ရက္ေန႔ ေန႔လယ္ (၁၂)နာရီဝန္းက်င္က ႏြားမ်ားတင္လာသည့္ ေမာ္ေတာ္ယာဥ္(၁)စီးအား ေသနတ္ျဖင့္ပစ္ခတ္ခံရ၍ နယ္စည္းမျခားပရဟိတအသင္း(သီေပါ)က လူနာတင္ယာဥ္ျဖင့္သယ္ေဆာင္ၿပီး သီေပါျပည္သူ႔ေဆးရံုသုိ႔ ပို႔ေဆာင္ေပးထားရျခင္းျဖစ္ေၾကာင္း သိရသည္။

တရုတ္နယ္စပ္သို႔ တရားမဝင္ ကၽြဲႏြားတင္ပို႔ေရာင္းခ်မႈမ်ား အစဥ္အဆက္ရိွေနခဲ့ရာမွ အဆိုပါေမွာင္ခိုေစ်းကြက္အား ထိန္းခ်ဳပ္ႏိုင္ႏွင့္ ေမြးျမဴသူမ်ား အလုပ္အကိုင္အခြင့္အလမ္းတိုးေစရန္ တရားဝင္ တင္ပို႔ေရာင္းခ်ခြင့္ျပဳလုိက္ၿပီးေနာက္တြင္ မႏၱေလး - မူဆယ္ ကုန္သြယ္ေရးလမ္း၌ တရားဝင္ ကၽြဲႏြားတင္ပို႔သည့္ ယာဥ္မ်ားမွ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လုိက္မ်ားကို ေခ်ာင္းေျမာင္းပစ္ခတ္မႈမ်ား မၾကာခဏျဖစ္ပြားလာကာ တာဝန္ရိွသူမ်ားကလည္း ေဖၚထုတ္ဖမ္းဆီးႏုိင္ျခင္းမရိွဘဲ ျဖစ္ေနသည္ကို ေတြ႔ရသည္။

Tachileik News Agency
ဓါတ္ပံု - သွ်ားထက္ပိုင္(နယ္စည္းမျခားပရဟိတ-သီေပါ)

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းမြောက် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် နွားတင်ယာဉ်ကို ပစ်ခတ်ခံရ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
***********
ပစ်ခတ်သူကိုဖေါ်ထုတ်နိုင်လေ့မရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြည်ထောင်စုလမ်းမကြီးတွင် နွားတင်မော်တော်ယာဉ်များအားပစ်ခတ်မှု ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့က ထပ်မံဖြစ်ပွား၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ စံလောင်ရွာနှင့် ကုံးမုံရွာကြားတွင် သြဂုတ်လ (၁၂)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်က နွားများတင်လာသည့် မော်တော်ယာဉ်(၁)စီးအား သေနတ်ဖြင့်ပစ်ခတ်ခံရ၍ နယ်စည်းမခြားပရဟိတအသင်း(သီပေါ)က လူနာတင်ယာဉ်ဖြင့်သယ်ဆောင်ပြီး သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားရခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နယ်စပ်သို့ တရားမဝင် ကျွဲနွားတင်ပို့ရောင်းချမှုများ အစဉ်အဆက်ရှိနေခဲ့ရာမှ အဆိုပါမှောင်ခိုစျေးကွက်အား ထိန်းချုပ်နိုင်နှင့် မွေးမြူသူများ အလုပ်အကိုင်အခွင့်အလမ်းတိုးစေရန် တရားဝင် တင်ပို့ရောင်းချခွင့်ပြုလိုက်ပြီးနောက်တွင် မန္တလေး - မူဆယ် ကုန်သွယ်ရေးလမ်း၌ တရားဝင် ကျွဲနွားတင်ပို့သည့် ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ချောင်းမြောင်းပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလာကာ တာဝန်ရှိသူများကလည်း ဖေါ်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိဘဲ ဖြစ်နေသည်ကို တွေ့ရသည်။

Tachileik News Agency
ဓါတ်ပုံ - သျှားထက်ပိုင်(နယ်စည်းမခြားပရဟိတ-သီပေါ)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net