ေက်ာက္မဲၿမိဳ႕ရိွ စိန္ေက်ာက္ေတာင္ဘုန္းႀကီးေက်ာင္းတြင္ မီးအားျမႇင့္စက္ အပူလြန္ကဲၿပီး မီးေလာင္မႈျဖစ္

ေက်ာက္မဲၿမိဳ႕ရိွ စိန္ေက်ာက္ေတာင္ဘုန္းႀကီးေက်ာင္းတြင္ မီးအားျမႇင့္စက္ အပူလြန္ကဲၿပီး မီးေလာင္မႈျဖစ္
သြဂုတ် 11, 2019
By Tachileik News Agency

ရွမ္းျပည္နယ္( ေျမာက္ပိုင္း ) ေက်ာက္မဲၿမိဳ႕ အမွတ္ ( ၃ ) ရပ္ကြက္ မန္နားရပ္ရွိ စိန္ေက်ာက္ေတာင္ဘုန္းႀကီး ေက်ာင္းတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၁) ရက္ေန႔ နံနက္ပိုင္းက မီးအားျမႇင့္စက္အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈမွာ နံနက္ (၇)နာရီ မိနစ္ (၄၀)ခန္႔က စတင္ေလာင္ကၽြမ္းျခင္းျဖစ္ၿပီး (၁၅)မိနစ္ခန္႔အၾကာတြင္ မီးသတ္စခန္းသို႔ ဖုန္းဆက္အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးသတ္ယာဥ္(၃)စီး၊ ေရသယ္ယာဥ္(၁)စီး၊ မီးသတ္တပ္ဖြဲ႕ဝင္အင္အား စုစုေပါင္း (၄၈)ဦးက (၄)မိနစ္ခန္႔အၾကာတြင္ မီးေလာင္မႈျဖစ္ပြားရာသို႔ ေရာက္ရိွကာ မိနစ္(၂၀)ဝန္းက်င္ ၿငိႇမ္းသတ္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ဘုန္းႀကီးေက်ာင္းတြင္ လွ်ပ္စစ္မီးအသံုးျပဳမႈမ်ားေနသည့္ အတြက္ အေပၚထပ္ရွိ မီးအားျမွင့္စက္အား Manual ( လက္လွည့္ ) ျဖင့္ ဝန္အားျမွင့္တင္ထားရာမွ ျပန္လည္ခ်ထားျခင္း မရွိသည့္အတြက္ မီးအားျမွင့္စက္အပူ လြန္ကဲကာ မီးေလာင္ကၽြမ္းသည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႔ထံမွ သိရသည္။

မီးေလာင္မႈေၾကာင့္ ေပ ( ၉၀ × ၈၀ × ၁၈ ) သြပ္မိုး၊ အုတ္ကာ၊ ပ်ဥ္ခင္း ဘုန္းႀကီးေက်ာင္း အေပၚထပ္တစ္ထပ္လံုး မီးကူးစက္ေလာင္ကြ်မ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း -  ေနၿဖိဳးျမင့္
ဓါတ္ပံု -  မီးသတ္တပ္ဖြဲ႕



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ အမှတ် ( ၃ ) ရပ်ကွက် မန်နားရပ်ရှိ စိန်ကျောက်တောင်ဘုန်းကြီး ကျောင်းတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်နေ့ နံနက်ပိုင်းက မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ နံနက် (၇)နာရီ မိနစ် (၄၀)ခန့်က စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး (၁၅)မိနစ်ခန့်အကြာတွင် မီးသတ်စခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း (၄၈)ဦးက (၄)မိနစ်ခန့်အကြာတွင် မီးလောင်မှုဖြစ်ပွားရာသို့ ရောက်ရှိကာ မိနစ်(၂၀)ဝန်းကျင် ငြှိမ်းသတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းတွင် လျှပ်စစ်မီးအသုံးပြုမှုများနေသည့် အတွက် အပေါ်ထပ်ရှိ မီးအားမြှင့်စက်အား Manual ( လက်လှည့် ) ဖြင့် ဝန်အားမြှင့်တင်ထားရာမှ ပြန်လည်ချထားခြင်း မရှိသည့်အတွက် မီးအားမြှင့်စက်အပူ လွန်ကဲကာ မီးလောင်ကျွမ်းသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုကြောင့် ပေ ( ၉၀ × ၈၀ × ၁၈ ) သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း ဘုန်းကြီးကျောင်း အပေါ်ထပ်တစ်ထပ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - မီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net