တာခ်ီလိတ္ခရိုင္အတြင္း ဝက္အားနည္းေရာဂါျဖစ္ပြားမႈ ေလ်ာ့က်သြားေသာ္လည္း ကြင္းဆင္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္ရြက္ေန

တာခ်ီလိတ္ခရိုင္အတြင္း ဝက္အားနည္းေရာဂါျဖစ္ပြားမႈ ေလ်ာ့က်သြားေသာ္လည္း ကြင္းဆင္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္ရြက္ေန
သြဂုတ် 22, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း ဝက္မ်ားေသဆံုးမႈမွာ ဝက္အားနည္းေရာဂါေၾကာင့္ ျဖစ္ေၾကာင္း ဓါတ္ခြဲစစ္ေဆးအတည္ျပဳခ်က္ရထားၿပီး ဇီဝလံုၿခံဳေရးလုပ္ငန္းမ်ားကို ေန႔စဥ္ကြင္းဆင္း ေဆာင္ရြက္ေနမႈေၾကာင့္ ေဒသတြင္း ဝက္ေသဆံုးမႈမွာ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ေနာက္ဆံုးပတ္တြင္ ေလ်ာ့က်သြားေၾကာင္း သိရသည္။

“တာခ်ီလိတ္ခရိုင္အတြင္းက တာခ်ီလိတ္နဲ႔ မုိင္းျဖတ္က ပို႔စစ္ထားတာမွာ ဝက္အားနည္းေရာဂါ (Porcine Circovirus) လုိ႔ေတာ့ ဖုန္းသတင္းနဲ႔ အတည္ျပဳထားပါတယ္။ အခုေတာ့ ျဖစ္တယ္လို႔ေတာ့ သိပ္မရိွေတာ့ပါဘူး။ ေန႔တုိင္း ကြင္းဆင္းၿပီး ၿခံေတြေဆးျဖန္း၊ ရြာေတြမွာ ပညာေပးေဆြးေႏြးတာေတြလုပ္နဲ႔ဆိုေတာ့ ေလ်ာ့က် သြားပါတယ္။ ေရာဂါဝင္ႏုိင္တဲ့လမ္းေၾကာင္းေတြ ရွင္းလင္းေဆြးေႏြးၿပီး ကာကြယ္တာေတြ လုပ္ေပးေနတာပါ”ဟု တာခ်ီလိတ္ခရိုင္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ဦးစီးမွဴး ေဒါက္တာ တင္ကိုကိုက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္အတြင္း တာခ်ီလိတ္၊ မုိင္းျဖတ္ႏွင့္ မုိင္းေယာင္းၿမိဳ႕နယ္မ်ားရိွ ေက်းရြာအခ်ိဳ႕တြင္ ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လဆန္းပိုင္းက ဝက္ေသဆံုးမႈမ်ားျဖစ္ခဲ့သျဖင့္ ဓါတ္ခြဲခန္းပို႔စစ္ထားခဲ့ျခင္းျဖစ္သည္။

အဆိုပါေရာဂါမွာ ဝက္မ်ားတြင္သာျဖစ္ပြားၿပီး ေရာဂါပိုးသယ္ေဆာင္သည့္ဝက္၏ သြားရည္၊ ႏွာရည္၊ မ်က္ရည္၊ ဆီး၊ ဝမ္းတို႔မွလည္းေကာင္း၊ ေရာဂါပိုးရိွေသာ ဝက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား သယ္ေဆာင္ရာမွလည္းေကာင္း ေရာဂါပိုးပ်ံ႕ႏွံ႕ကူးစက္ႏုိင္ေၾကာင္း သိရသည္။

ဝက္မ်ားတြင္ ေရာဂါကူးစက္ခံရျခင္းမရိွေစရန္အတြက္ ၿခံမ်ားကို သန္႔ရွင္းစြာထားရိွျခင္း၊ အျခားဝက္ၿခံမ်ားမွ ပစၥည္းမ်ားကို ယူေဆာင္အသံုးမျပဳျခင္း၊ လူအဝင္အထြက္ ထိန္းခ်ဳပ္ျခင္းစသည့္ ဇီဝလံုၿခံဳေရးစနစ္မ်ားကို တိုးျမႇင့္ထားရန္ လိုအပ္ၿပီး လိုအပ္သည့္အႀကံဥာဏ္မ်ားရယူလိုပါက ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ဖုန္း ၀၈၄ ၅၁၉၀၅ သို႔ ဆက္သြယ္ အကူအညီရယူႏုိင္မည္ျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်ခရိုင်အတွင်း ဝက်အားနည်းရောဂါဖြစ်ပွားမှု လျော့ကျသွားသော်လည်း ကွင်းဆင်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေ
********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ဝက်များသေဆုံးမှုမှာ ဝက်အားနည်းရောဂါကြောင့် ဖြစ်ကြောင်း ဓါတ်ခွဲစစ်ဆေးအတည်ပြုချက်ရထားပြီး ဇီဝလုံခြုံရေးလုပ်ငန်းများကို နေ့စဉ်ကွင်းဆင်း ဆောင်ရွက်နေမှုကြောင့် ဒေသတွင်း ဝက်သေဆုံးမှုမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ နောက်ဆုံးပတ်တွင် လျော့ကျသွားကြောင်း သိရသည်။

“တာချီလိတ်ခရိုင်အတွင်းက တာချီလိတ်နဲ့ မိုင်းဖြတ်က ပို့စစ်ထားတာမှာ ဝက်အားနည်းရောဂါ (Porcine Circovirus) လို့တော့ ဖုန်းသတင်းနဲ့ အတည်ပြုထားပါတယ်။ အခုတော့ ဖြစ်တယ်လို့တော့ သိပ်မရှိတော့ပါဘူး။ နေ့တိုင်း ကွင်းဆင်းပြီး ခြံတွေဆေးဖြန်း၊ ရွာတွေမှာ ပညာပေးဆွေးနွေးတာတွေလုပ်နဲ့ဆိုတော့ လျော့ကျ သွားပါတယ်။ ရောဂါဝင်နိုင်တဲ့လမ်းကြောင်းတွေ ရှင်းလင်းဆွေးနွေးပြီး ကာကွယ်တာတွေ လုပ်ပေးနေတာပါ”ဟု တာချီလိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ တင်ကိုကိုက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်အတွင်း တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်များရှိ ကျေးရွာအချို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းက ဝက်သေဆုံးမှုများဖြစ်ခဲ့သဖြင့် ဓါတ်ခွဲခန်းပို့စစ်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါရောဂါမှာ ဝက်များတွင်သာဖြစ်ပွားပြီး ရောဂါပိုးသယ်ဆောင်သည့်ဝက်၏ သွားရည်၊ နှာရည်၊ မျက်ရည်၊ ဆီး၊ ဝမ်းတို့မှလည်းကောင်း၊ ရောဂါပိုးရှိသော ဝက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်ရာမှလည်းကောင်း ရောဂါပိုးပျံ့နှံ့ကူးစက်နိုင်ကြောင်း သိရသည်။

ဝက်များတွင် ရောဂါကူးစက်ခံရခြင်းမရှိစေရန်အတွက် ခြံများကို သန့်ရှင်းစွာထားရှိခြင်း၊ အခြားဝက်ခြံများမှ ပစ္စည်းများကို ယူဆောင်အသုံးမပြုခြင်း၊ လူအဝင်အထွက် ထိန်းချုပ်ခြင်းစသည့် ဇီဝလုံခြုံရေးစနစ်များကို တိုးမြှင့်ထားရန် လိုအပ်ပြီး လိုအပ်သည့်အကြံဉာဏ်များရယူလိုပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဖုန်း ၀၈၄ ၅၁၉၀၅ သို့ ဆက်သွယ် အကူအညီရယူနိုင်မည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net