တာခ်ီလိတ္တြင္ တရားရံုးက ေနအိမ္ဝရမ္းကပ္သည္ကို ဟန္႔တားသည့္ မိသားစု အမႈဖြင့္ခံရ

တာခ်ီလိတ္တြင္ တရားရံုးက ေနအိမ္ဝရမ္းကပ္သည္ကို ဟန္႔တားသည့္ မိသားစု အမႈဖြင့္ခံရ
ဇူလိုင် 29, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အမႈျဖစ္ေနသည့္ အိမ္ၿခံဝန္းကို ၿမိဳ႕နယ္တရားရံုးက ဝရမ္းအတည္ျပဳေဆာင္ရြက္ရန္သြားစဥ္ လက္ရိွေနထုိင္ေနသည့္မိသားစုက ဟန္႔တားခဲ့သျဖင့္ ျပည္သူ႔ဝန္ထမ္း အလုပ္ဝတၱရားေဆာင္ရြက္ေနသည္ကို ဟန္႔တားေႏွာင့္ယွက္ၿခိမ္းေျခာက္မႈျဖင့္ အမႈဖြင့္လိုက္ေၾကာင္း သိရသည္။

“အမႈႏိုင္တဲ့သူကို လက္ေရာက္အပ္ရမွာ အခ်ိန္ေပးပါအံုးဆိုလို႔ လြန္ခဲ့တဲ့ တစ္လေလာက္ကတည္းက သူတို႔ကို အခ်ိန္ေပးထားတယ္။ ဒီမနက္သြားၾကေတာ့ ေန႔လယ္ (၁)နာရီမွာ ထပ္လာပါေျပာတယ္။ ေန႔လယ္ (၁)နာရီသြားၾကေတာ့ သူတို႔က တုတ္၊ဓါး၊ ေလးခြေတြ အဆင္သင့္လုပ္ထားၾကတယ္။ ဝင္ရင္လုပ္မယ္ဆိုတဲ့ သေဘာလုပ္တယ္။ အဲဒါနဲ႔ တရားသူႀကီးလွမ္းအေၾကာင္းၾကားေတာ့ တရားသူႀကီးက အမႈဖြင့္တယ္။ အမႈဖြင့္ထားတာေၾကာင့္ ရဲေတြလာဖမ္းသြားတယ္။ အိမ္ကေတာ့ အမႈႏုိင္တဲ့သူကို လက္ေရာက္အပ္ၿပီးပါၿပီ”ဟု ဝမ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္တရားရံုးက ေျမလက္ေရာက္လႊဲအပ္ေစရန္ ထုတ္ဆင့္သည့္အမိန္႔ျဖင့္ တြဲဖက္ၿမိဳ႕နယ္တရားသူႀကီးဦးေဆာင္သည့္အဖြဲ႕က ဝမ္ေကာင္းရပ္ကြက္မွ ေနအိမ္ၿခံဝန္းသို႔ ဝရမ္းအတည္ျပဳႏုိင္ေရးအတြက္ ဇူလုိင္လ (၂၉)ရက္ေန႔ နံနက္ (၁၀)နာရီဝန္းက်င္ကသြားေရာက္ခဲ့ရာ အဆိုပါေနအိမ္မွ အမ်ိဳးသား(၃)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတုိ႔က ဝင္ေရာက္ခြင့္မျပဳဘဲ တုတ္၊ဓါးတုိ႔ကိုင္ေဆာင္၍ တားျမစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္သူ႔ဝန္ထမ္းမ်ားအား အလုပ္ဝတၱရားေႏွာင့္ယွက္ခဲ့သည့္ မိသားစု (၄)ဦးကို ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၉)ရက္ေန႔ ညေန (၄)နာရီခြဲက တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ အမႈဖြင့္တုိင္ၾကားလာသျဖင့္ (ပ) ၄၂၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၁၈၃/၁၈၆/၃၅၃/၁၁၄ ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္သူ႔ဝန္ထမ္း၏ ဥပေဒအရ အာဏာျဖင့္ပစၥည္းသိမ္းယူျခင္းကို ခုခံျခင္းျပဳပါက ရာဇသတ္ႀကီးပုဒ္မ ၁၈၃ အရ ေထာင္ဒဏ္ (၆)လျဖစ္ေစ၊ ေငြဒဏ္ (၁၀၀၀)ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစခ်မွတ္ႏုိင္ၿပီး အလုပ္ဝတၱရားေဆာင္ရြက္ေနသည့္ ျပည္သူ႔ဝန္ထမ္းကို ဟန္႔တားပါက ရာဇသတ္ႀကီးပုဒ္မ ၁၈၆ အရေထာင္ဒဏ္ (၃)လျဖစ္ေစ ေငြဒဏ္ (၅၀၀)ျဖစ္ေစ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ႏုိင္ေၾကာင္း သိရသည္။

ရာဇသတ္ႀကီးပုဒ္မ ၃၅၃ မွာ ျပည္သူ႔ဝန္ထမ္း တာဝန္ဝတၱရားေဆာင္ရြက္ျခင္းအား ကိုယ္ထိလက္ေရာက္ဟန္႔တားမႈျဖစ္ၿပီး ေထာင္ဒဏ္ (၂)ႏွစ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ႏိုင္ၿပီး ရာဇသတ္ႀကီးပုဒ္မ ၁၁၄ မွာ ျပစ္မႈက်ဴးလြန္ရာတြင္ အားေပးကူညီမႈျဖစ္ၿပီး ျပစ္ဒဏ္မွာ ျပစ္မႈက်ဴးလြန္သူႏွင့္ ထပ္တူခ်မွတ္ႏိုင္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် တရားရုံးက နေအိမ်ဝရမ်းကပ်သည်ကို ဟန့်တားသည့် မိသားစု အမှုဖွင့်ခံရ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အမှုဖြစ်နေသည့် အိမ်ခြံဝန်းကို မြို့နယ်တရားရုံးက ဝရမ်းအတည်ပြုဆောင်ရွက်ရန်သွားစဉ် လက်ရှိနေထိုင်နေသည့်မိသားစုက ဟန့်တားခဲ့သဖြင့် ပြည်သူ့ဝန်ထမ်း အလုပ်ဝတ္တရားဆောင်ရွက်နေသည်ကို ဟန့်တားနှောင့်ယှက်ခြိမ်းခြောက်မှုဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

“အမှုနိုင်တဲ့သူကို လက်ရောက်အပ်ရမှာ အချိန်ပေးပါအုံးဆိုလို့ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက သူတို့ကို အချိန်ပေးထားတယ်။ ဒီမနက်သွားကြတော့ နေ့လယ် (၁)နာရီမှာ ထပ်လာပါပြောတယ်။ နေ့လယ် (၁)နာရီသွားကြတော့ သူတို့က တုတ်၊ဓါး၊ လေးခွတွေ အဆင်သင့်လုပ်ထားကြတယ်။ ဝင်ရင်လုပ်မယ်ဆိုတဲ့ သဘောလုပ်တယ်။ အဲဒါနဲ့ တရားသူကြီးလှမ်းအကြောင်းကြားတော့ တရားသူကြီးက အမှုဖွင့်တယ်။ အမှုဖွင့်ထားတာကြောင့် ရဲတွေလာဖမ်းသွားတယ်။ အိမ်ကတော့ အမှုနိုင်တဲ့သူကို လက်ရောက်အပ်ပြီးပါပြီ”ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်တရားရုံးက မြေလက်ရောက်လွှဲအပ်စေရန် ထုတ်ဆင့်သည့်အမိန့်ဖြင့် တွဲဖက်မြို့နယ်တရားသူကြီးဦးဆောင်သည့်အဖွဲ့က ဝမ်ကောင်းရပ်ကွက်မှ နေအိမ်ခြံဝန်းသို့ ဝရမ်းအတည်ပြုနိုင်ရေးအတွက် ဇူလိုင်လ (၂၉)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်ကသွားရောက်ခဲ့ရာ အဆိုပါနေအိမ်မှ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦးတို့က ဝင်ရောက်ခွင့်မပြုဘဲ တုတ်၊ဓါးတို့ကိုင်ဆောင်၍ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဝန်ထမ်းများအား အလုပ်ဝတ္တရားနှောင့်ယှက်ခဲ့သည့် မိသားစု (၄)ဦးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့ ညနေ (၄)နာရီခွဲက တာချီလိတ်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားလာသဖြင့် (ပ) ၄၂၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၁၈၃/၁၈၆/၃၅၃/၁၁၄ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ဝန်ထမ်း၏ ဥပဒေအရ အာဏာဖြင့်ပစ္စည်းသိမ်းယူခြင်းကို ခုခံခြင်းပြုပါက ရာဇသတ်ကြီးပုဒ်မ ၁၈၃ အရ ထောင်ဒဏ် (၆)လဖြစ်စေ၊ ငွေဒဏ် (၁၀၀၀)ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်ပြီး အလုပ်ဝတ္တရားဆောင်ရွက်နေသည့် ပြည်သူ့ဝန်ထမ်းကို ဟန့်တားပါက ရာဇသတ်ကြီးပုဒ်မ ၁၈၆ အရထောင်ဒဏ် (၃)လဖြစ်စေ ငွေဒဏ် (၅၀၀)ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၅၃ မှာ ပြည်သူ့ဝန်ထမ်း တာဝန်ဝတ္တရားဆောင်ရွက်ခြင်းအား ကိုယ်ထိလက်ရောက်ဟန့်တားမှုဖြစ်ပြီး ထောင်ဒဏ် (၂)နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး ရာဇသတ်ကြီးပုဒ်မ ၁၁၄ မှာ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှုဖြစ်ပြီး ပြစ်ဒဏ်မှာ ပြစ်မှုကျူးလွန်သူနှင့် ထပ်တူချမှတ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net