တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္း ေရွာင္တခင္ပိတ္ဆို႔စစ္ေဆးမႈ ျပဳလုပ္ေနစဥ္အတြင္း အမ်ဳိးသားတစ္ဦးအား လက္နက္ႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္း ေရွာင္တခင္ပိတ္ဆို႔စစ္ေဆးမႈ ျပဳလုပ္ေနစဥ္အတြင္း အမ်ဳိးသားတစ္ဦးအား လက္နက္ႏွင့္အတူ ဖမ္းဆီးရမိ
ဇူလိုင် 9, 2019
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အတြင္း လြယ္စတံုသြားလမ္းတြင္  ညပိုင္း ေရွာင္တခင္ ပိတ္ဆို႔ရွာေဖြ စစ္ေဆးမႈအျဖစ္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၉)ရက္ေန႔ ည(၈)နာရီ၀န္းက်င္အခ်ိန္က ျပဳလုပ္ရာ အမ်ဳိးသားတစ္ဦးအား လက္နက္ ႏွင့္အတူ ဖမ္းဆီးရမိ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ စစ္ေဆးေနလ်က္ရွိေၾကာင္း သိရသည္။

နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္  ဒုစရိုက္မႈေလ်ာ့ပါးေရးအတြက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ဒုျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီးမင္းေအာင္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးလွဦး ႏွင့္ ၿမိဳ႕မစခန္းမွဴးဒုရဲမွဴးသန္းထြန္းေအာင္တို႔ အနီးကပ္ႀကီးၾကပ္ကာ ၿမိဳ႕တြင္း ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိရာတြင္ တာခ်ီလိတ္တပ္နယ္ႏွင့္ျပည္သူ႔စစ္အဖြဲ႔၀င္မ်ား၊ ေဟာင္လိတ္ရဲကင္းစခန္းမွ စခန္းမွဴး ရဲအုပ္မင္းမင္းေအာင္ ဦးစီးသည့္အဖြဲ႔၊  ခရိုင္(မႈ/ႏွိမ္)မွ ရဲအုပ္ႏိုင္ေဇာ္ ႏွင့္အဖြဲ႔၊  ျပည္နယ္(မႈ/ကူ)မွ ရဲတပ္ၾကပ္ ထြန္း၀င္းေဇာ္ႏွင့္တပ္ဖြဲ႔၀င္မ်ား၊ ၀ိန္းေက်ာက္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရွိသူမ်ား  ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္  အဆိုပါ လမ္းဆံုတြင္ ေရွာင္တခင္ ပိတ္ဆို႔ရွာေဖြစစ္ေဆးမႈမ်ား ေဆာင္ရြက္ၾကရာမွ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔သည္ အာခါေစ်းဘက္မွ လြယ္စီတံုလမ္းဆံုဘက္သို႔ အသက္(၃၀)၀န္းက်င္ရွိ အိုက္လာလာ ေမာင္းလာသည့္ ေမာ္ေတာ္ကားအား ရပ္တန္႔ စစ္ေဆးရွာေဖြရာက 38 မိန္းမကိုင္ ပစၥတိုအေသး တစ္လက္ ႏွင့္အတူ ၎က်ည္ (၁၄)ေတာင့္တို႔အား သိမ္းဆည္းရမိေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔မွ ၎အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ ေခၚေဆာင္လာကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိၿပီး အမႈဖြင့္အေရးယူ ရန္အတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ ဒုစရိုက္မႈေလ်ာ့ပါးေရးအတြက္ အဆိုပါ ပူးေပါင္းအဖြဲ႔ျဖင့္ ေရွာင္တခင္ စစ္ေဆးမႈမ်ားကို လုပ္ေဆာင္ေနရာ ယေန႔ ဇူလိုင္လ(၉)ရက္ေန႔ ညေနပိုင္းက တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း၌ ဖမ္း၀ရမ္းထုတ္ထားသည့္ တရားခံတစ္ဦး အပါအ၀င္ လူငယ္(၃)ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိၿပီး ညပိုင္း ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈတြင္လည္း ယခုလို အမ်ဳိးသားတစ္ဦးအား လက္နက္ႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံသားမူးယစ္တရားခံေျပးမ်ားႏွင့္ တရားမ၀င္ ၀င္ေရာက္လာသူမ်ားလည္း မ်ားျပားသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ေန႔ေရာညပါ ေရွာင္တခင္ ပိတ္ဆုိ႔စစ္ေဆးမႈမ်ား ျပဳလုပ္သည့္အခါတိုင္းတြင္ လက္နက္မ်ား ႏွင့္ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိျခင္း၊ တရားမ၀င္ ၀င္ေရာက္လာသူမ်ားအား ဖမ္းဆီးရမိျခင္းအျပင္၊ တာ၀န္ခ်ိန္ မဟုတ္ဘဲ ၿမိဳ႕နယ္တြင္းသို႔ လက္နက္မ်ားယူေဆာင္လာသည့္ ျပည္သူ႔စစ္တပ္ဖြဲ႔၀င္မ်ားအား စစ္ေဆးရမိျခင္းမ်ားရွိသည့္ အတြက္ တာခ်ီလိတ္ၿမိဳ႕တြင္ ေနျပည္သူမ်ားက ေဒသတြင္း ဒုစရိုက္မႈေလ်ာ့ပါးေရးအတြက္ ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈမ်ားကို စဥ္ဆက္မျပတ္ေဆာင္ရြက္သြားရန္ လိုလားေနလ်က္ရွိေၾကာင္း ၾကားသိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း လွယ်စတုံသွားလမ်းတွင် ညပိုင်း ရှောင်တခင် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုအဖြစ် ၂၀၁၉ခုနှစ် ဇူလိုင်လ(၉)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က ပြုလုပ်ရာ အမျိုးသားတစ်ဦးအား လက်နက် နှင့်အတူ ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဒုစရိုက်မှုလျော့ပါးရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး နှင့် မြို့မစခန်းမှူးဒုရဲမှူးသန်းထွန်းအောင်တို့ အနီးကပ်ကြီးကြပ်ကာ မြို့တွင်း ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိရာတွင် တာချီလိတ်တပ်နယ်နှင့်ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဟောင်လိတ်ရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ်မင်းမင်းအောင် ဦးစီးသည့်အဖွဲ့၊ ခရိုင်(မှု/နှိမ်)မှ ရဲအုပ်နိုင်ဇော် နှင့်အဖွဲ့၊ ပြည်နယ်(မှု/ကူ)မှ ရဲတပ်ကြပ် ထွန်းဝင်းဇော်နှင့်တပ်ဖွဲ့ဝင်များ၊ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အဆိုပါ လမ်းဆုံတွင် ရှောင်တခင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ကြရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် အာခါဈေးဘက်မှ လွယ်စီတုံလမ်းဆုံဘက်သို့ အသက်(၃၀)ဝန်းကျင်ရှိ အိုက်လာလာ မောင်းလာသည့် မော်တော်ကားအား ရပ်တန့် စစ်ဆေးရှာဖွေရာက 38 မိန်းမကိုင် ပစ္စတိုအသေး တစ်လက် နှင့်အတူ၎င်းကျည် (၁၄)တောင့်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ၎င်းအား တာချီလိတ်မြို့မရဲစခန်းသို့ ခေါ်ဆောင်လာကာ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပြီး အမှုဖွင့်အရေးယူ ရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်တွင် ဒုစရိုက်မှုလျော့ပါးရေးအတွက် အဆိုပါ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေးမှုများကို လုပ်ဆောင်နေရာ ယနေ့ ဇူလိုင်လ(၉)ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း၌ ဖမ်းဝရမ်းထုတ်ထားသည့် တရားခံတစ်ဦး အပါအဝင် လူငယ်(၃)ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိပြီး ညပိုင်း ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုတွင်လည်း ယခုလို အမျိုးသားတစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားမူးယစ်တရားခံပြေးများနှင့် တရားမဝင် ဝင်ရောက်လာသူများလည်း များပြားသည့် တာချီလိတ်မြို့တွင် နေ့ရောညပါ ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်သည့်အခါတိုင်းတွင် လက်နက်များ နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း၊ တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းဆီးရမိခြင်းအပြင်၊ တာဝန်ချိန် မဟုတ်ဘဲ မြို့နယ်တွင်းသို့ လက်နက်များယူဆောင်လာသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား စစ်ဆေးရမိခြင်းများရှိသည့် အတွက် တာချီလိတ်မြို့တွင် နပြေည်သူများက ဒေသတွင်း ဒုစရိုက်မှုလျော့ပါးရေးအတွက် ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် လိုလားနေလျက်ရှိကြောင်း ကြားသိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net