တာခ်ီလိတ္ၿမို႕တြင္ တူမီးေသနတ္ (၂)လက္ အပါအ၀င္ မူးယစ္ေဆးျဖင့္ အမ်ဳိးသားတစ္ဦးကို ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမို႕တြင္ တူမီးေသနတ္ (၂)လက္ အပါအ၀င္ မူးယစ္ေဆးျဖင့္ အမ်ဳိးသားတစ္ဦးကို ဖမ္းဆီးရမိ
ဇူလိုင် 7, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕၊ ၀မ္လံုးေက်းရြာအုပ္စု၊ ဖာတီမာကုန္းေက်းရြာရိွ ေနအိမ္ (၁) လံုး အတြင္း ၂၀၁၉ ခုနွစ္ ဇူလိုင္လ (၇) ရက္ေန႔ ေန႔လည္ (၁၁)နာရီ၀န္းက်င္က  မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္ ရွာေဖြရာ  တူမီးေသနတ္ (၂) လက္ အပါအ၀င္ မူးယစ္ေဆး၀ါးျဖင့္ အမ်ဴိးသားတစ္ဦးအား ဖမ္းဆီးရမိ၍ လတ္တေလာတြင္ မူးယစ္ေဆး၀ါးမႈျဖင့္  အမႈဖြင့္ထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

"ကြ်န္ေတာ္တို႔ လက္ရိွကေတာ့ မူးယစ္မႈနဲ႔ေတြ႔ရင္ မူးယစ္မႈကို အရင္ဖြင့္တာ။   ဥပေဒအႀကံေပးက အႀကံေပးလို႔ရိွရင္ လက္နက္အမႈကို ဆက္ဖြင့္မွာပဲေလ။ ခ်က္ျခင္းႀကီးေတာ့ တြဲမဖြင့္ဘူးဗ်"ဟု တာခ်ီလိတ္ၿမို႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးသန္းထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

၀မ္လံုးေက်းရြာအုပ္စု၊ ဖာတီမာကုန္းေက်းရြာအတြင္းရိွ ေနအိမ္တြင္ မူးယစ္ေဆး၀ါးသံုးစြဲေရာင္းခ်ေနေၾကာင္း သတင္းအရ ပူးေပါင္းအဖြဲမွ ၀င္ေရာက္ရွာေဖြရာ ေနအိမ္ပိုင္ရွင္ျဖစ္သူ ေလာ္ဒါး အိပ္သည့္ အိပ္ယာေဘးတြင္  WY စာတမ္းပါ လိေမၼာ္ေရာင္စိတ္ၾကြေဆးျပား (၂၆) ျပား ႏွင့္ အေလးခ်ိန္ (၆၀)ဂရမ္ရွိသည့္ ဘိန္းစိမ္း အပါအ၀င္   အရွည္ (၁၈) လက္မခန္႔ရိွ တူမီးေသနတ္ (၁) လက္၊ အရွည္ (၅) ေပ (၂) လက္မခန္႔ရိွ တူမီးေသနတ္ (၁) လက္တို႔ကို ရွာေဖြေတြ႕ရိွခဲ့ေၾကာင္း သိရသည္။

ေနအိမ္အတြင္း တူမီးေသနတ္အပါအ၀င္ မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိသည့္ ေလာ္ဒါးကို တာခ်ီလိတ္ၿမို႕မရဲစခန္းတြင္ မယ(ပ)၉၃/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၆(ဂ)/၂၂(ခ) ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဖာတီမာကုန်းကျေးရွာရှိ နေအိမ် (၁) လုံး အတွင်း ၂၀၁၉ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ နေ့လည် (၁၁)နာရီဝန်းကျင်က မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက် ရှာဖွေရာ တူမီးသေနတ် (၂) လက် အပါအဝင် မူးယစ်ဆေးဝါးဖြင့် အမျိူးသားတစ်ဦးအား ဖမ်းဆီးရမိ၍ လတ်တလောတွင် မူးယစ်ဆေးဝါးမှုဖြင့် အမှုဖွင့်ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

"ကျွန်တော်တို့ လက်ရှိကတော့ မူးယစ်မှုနဲ့တွေ့ရင် မူးယစ်မှုကို အရင်ဖွင့်တာ။ ဥပဒေအကြံပေးက အကြံပေးလို့ရှိရင် လက်နက်အမှုကို ဆက်ဖွင့်မှာပဲလေ။ ချက်ခြင်းကြီးတော့ တွဲမဖွင့်ဘူးဗျ"ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသန်းထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဝမ်လုံးကျေးရွာအုပ်စု၊ ဖာတီမာကုန်းကျေးရွာအတွင်းရှိ နေအိမ်တွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲမှ ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင်ဖြစ်သူ လော်ဒါး အိပ်သည့် အိပ်ယာဘေးတွင် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား (၂၆) ပြား နှင့် အလေးချိန် (၆၀)ဂရမ်ရှိသည့် ဘိန်းစိမ်း အပါအဝင် အရှည် (၁၈) လက်မခန့်ရှိ တူမီးသေနတ် (၁) လက်၊ အရှည် (၅) ပေ (၂) လက်မခန့်ရှိ တူမီးသေနတ် (၁) လက်တို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

နေအိမ်အတွင်း တူမီးသေနတ်အပါအဝင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် လော်ဒါးကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၉၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၂(ခ) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net