တာခ်ီလိတ္တြင္ ရဲတပ္ဖြဲ႔က မူးယစ္ေဆး ၀ယ္ယူသူအျဖစ္ အသြင္ယူ ေစာင့္ဆိုင္းရာမွ အမ်ဳိးသားႏွစ္ဦးအား စိတ္ၾကြေဆးျပား တစ္သိန္းႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ရဲတပ္ဖြဲ႔က မူးယစ္ေဆး ၀ယ္ယူသူအျဖစ္ အသြင္ယူ ေစာင့္ဆိုင္းရာမွ အမ်ဳိးသားႏွစ္ဦးအား စိတ္ၾကြေဆးျပား တစ္သိန္းႏွင့္အတူ ဖမ္းဆီးရမိ
ဇူလိုင် 14, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္းရွိ ၀မ္မိုင္ရြာလမ္းမေပၚတြင္ ရဲတပ္ဖြဲ႔က မူးယစ္ေဆး၀ါး ၀ယ္ယူသူ အသြင္ျဖင့္ ေစာင့္ဆိုင္းဖမ္းဆီးရာက အမ်ဳိးသားႏွစ္ဦးအား စိတ္ၾကြေဆးျပား တစ္သိန္းႏွင့္အတူ ဇူလိုင္လ(၁၄)ရက္ေန႔ ညေန(၃)နာရီေက်ာ္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

" ၀မ္မိုင္ရြာထဲက လမ္းမွာ ၀ယ္ယူသူ အေနနဲ႔ အသြင္ယူၿပီး ေစာင့္ဆိုင္းဖမ္းဆီးရာကေန ဖမ္းဆီးရမိတာ"ဟု ရဲတပ္ဖြဲ႔၀င္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔(မႈ/ကူ)မွ ရဲအုပ္ေမာင္မ်ဳိးႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔(မႈ/ကူ)မွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၄)ရက္ေန႔ ညေန(၃)နာရီေက်ာ္က တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္း ၀မ္မိုင္ရြာလမ္းမေပၚတြင္ အမာခံသတင္းေပးမ်ားအရ ၀ယ္ယူသူ အသြင္ျဖင့္ ေစာင့္ဆိုင္းရာမွ ဖမ္းဆီရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လမ္းေပၚတြင္ အသက္(၂၄)ႏွစ္၀န္းက်င္ရွိ လီေခ်႕ ႏွင့္ အသက္(၃၇)ႏွစ္ရွိ အားေဆာ္တို႔သည္ ဆိုင္ကယ္ႏွစ္စီးျဖင့္ ေမာင္းလာစဥ္ ၀ယ္သူအျဖစ္ အသြင္ယူသည့္အဖြဲ႔က ဖမ္းဆီးမႈမ်ား ျပဳလုပ္ၿပီး ရွာေဖြစစ္ေဆးရာက လီေခ်႕ ေမာင္းလာသည့္ ဆိုင္ကယ္ အေရွ႕ဂြၾကားမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၁)သိန္းတိတိအား စစ္ေဆးေတြ႔ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိသည့္ ၎တို႔ႏွစ္ဦးအား တာခ်ီလိတ္ၿမို႕မရဲစခန္းတြင္ မယ(ပ)၉၇/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္  အမႈဖြင့္ စစ္ေဆးေနလ်က္ရွိၿပီး ကြင္းဆက္တရားခံအား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ ဝမ်မိုင်ရွာလမ်းမပေါ်တွင် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ဝယ်ယူသူ အသွင်ဖြင့် စောင့်ဆိုင်းဖမ်းဆီးရာက အမျိုးသားနှစ်ဦးအား စိတ်ကြွဆေးပြား တစ်သိန်းနှင့်အတူ ဇူလိုင်လ(၁၄)ရက်နေ့ ညနေ(၃)နာရီကျော်က ဖမ်းဆီးရမိကြောင်း သိရသည်။

" ဝမ်မိုင်ရွာထဲက လမ်းမှာ ဝယ်ယူသူ အနေနဲ့ အသွင်ယူပြီး စောင့်ဆိုင်းဖမ်းဆီးရာကနေ ဖမ်းဆီးရမိတာ"ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(မှု/ကူ)မှ ရဲအုပ်မောင်မျိုးနှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့(မှု/ကူ)မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့ ညနေ(၃)နာရီကျော်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာလမ်းမပေါ်တွင် အမာခံသတင်းပေးများအရ ဝယ်ယူသူ အသွင်ဖြင့် စောင့်ဆိုင်းရာမှ ဖမ်းဆီရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပေါ်တွင် အသက်(၂၄)နှစ်ဝန်းကျင်ရှိ လီချေ့ နှင့် အသက်(၃၇)နှစ်ရှိ အားဆော်တို့သည် ဆိုင်ကယ်နှစ်စီးဖြင့် မောင်းလာစဉ် ဝယ်သူအဖြစ် အသွင်ယူသည့်အဖွဲ့က ဖမ်းဆီးမှုများ ပြုလုပ်ပြီး ရှာဖွေစစ်ဆေးရာက လီချေ့ မောင်းလာသည့် ဆိုင်ကယ် အရှေ့ဂွကြားမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁)သိန်းတိတိအား စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့်၎င်းတို့နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၉၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးနေလျက်ရှိပြီး ကွင်းဆက်တရားခံအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net