တာခ်ီလိတ္ၿမိဳ႕တြင္ ေန႔ပိုင္း ေရွာင္တခင္ပိတ္ဆို႔မႈမ်ား ျပဳလုပ္စဥ္ ဖမ္း၀ရမ္းထုတ္ထားသည့္ တရားခံတစ္ဦး အပါအ၀င္ လူငယ္(၃)ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ေန႔ပိုင္း ေရွာင္တခင္ပိတ္ဆို႔မႈမ်ား ျပဳလုပ္စဥ္ ဖမ္း၀ရမ္းထုတ္ထားသည့္ တရားခံတစ္ဦး အပါအ၀င္ လူငယ္(၃)ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိ
ဇူလိုင် 9, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း ေန႔ပိုင္း ေရွာင္တခင္ ပိတ္ဆို႔ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာက ဖမ္း၀ရမ္းထုတ္ထားသည့္ တရားခံတစ္ဦး အပါအ၀င္ လူငယ္(၃)ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိ၍ အမႈဖြင့္အေရးယူကာ စစ္ေဆးေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ဒုျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီးမင္းေအာင္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးလွဦး ႏွင့္ ၿမိဳ႕မစခန္းမွဴးဒုရဲမွဴးသန္းထြန္းေအာင္တို႔ အနီးကပ္ႀကီးၾကပ္ကာ ၿမိဳ႕တြင္း ဒုစရိုက္မႈေလ်ာ့ပါးေရးအတြက္ ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိရာတြင္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္ေဆာင္ ဒုရဲအုပ္ ေက်ာ္ေဇယ် ႏွင့္ အဖြဲ႔၊ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္ ေအာင္သူမိုး ႏွင့္အဖြဲ႔၊ ခရိုင္(မႈ/ႏွိမ္)မွ ရဲအုပ္ႏိုင္ေဇာ္ ႏွင့္အဖြဲ႔၊ ျပည္နယ္(မႈ/ကူ)မွ ရဲအုပ္ေမာင္မ်ဳိး ႏွင့္တပ္ဖြဲ႔၀င္မ်ား၊ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ တာ၀န္ရွိသူမ်ား အပါအ၀င္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔က ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၉)ရက္ေန႔ ညေန(၄)နာရီ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း ျမန္မာရြာရွိ ျမခြာညိဳလမ္းေပၚတြင္ ေရွာင္တခင္ ပိတ္ဆို႔ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာက ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က ေရွာင္တခင္ပိတ္ဆို႔စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ဘုရင့္ေနာင္ေစ်းလမ္းဘက္မွ ေဂါက္ကြင္းလမ္းဘက္သို႔ မ်ဳိးမင္းႏိုင္ ေမာင္းႏွင္ၿပီး အားည ႏွင့္ ရူးယာ တို႔ လိုက္ပါလာသည့္ ဆိုင္ကယ္အား ရပ္တန္႔ စစ္ေဆးရာ  ဆိုင္ကယ္တြင္ လိုက္ပါလာသည့္ အားည ဆိုသူမွာ တာခ်ီလိတ္ၿမိဳ႕နယ္တရားရံုးမွ ဖမ္း၀ရမ္းထုတ္ထားသည့္ တရားခံျဖစ္ေနၿပီး ဆက္လက္ ရွာေဖြရာ အားည ၀တ္ဆင္ထားသည့္ ေဘာင္းဘီအိတ္ကပ္ အတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၁၉၉)ျပားအား ရွာေဖြေတြ႔ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားအား ေရာင္း၀ယ္ရန္အတြက္ သယ္ေဆာင္လာသူ အသက္(၂၅)ႏွစ္ရွိ အားည ႏွင့္ အသက္(၁၈)ႏွစ္ရွိ ရူးယာ အျပင္ အသက္(၂၁)ႏွစ္ရွိ မ်ဳိးမင္းႏိုင္တို႔ သံုးဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္  အမႈဖြင့္ရန္အတြက္ ေဆာင္ရြက္ေနၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း နေ့ပိုင်း ရှောင်တခင် ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာက ဖမ်းဝရမ်းထုတ်ထားသည့် တရားခံတစ်ဦး အပါအဝင် လူငယ်(၃)ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူကာ စစ်ဆေးနေကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး နှင့် မြို့မစခန်းမှူးဒုရဲမှူးသန်းထွန်းအောင်တို့ အနီးကပ်ကြီးကြပ်ကာ မြို့တွင်း ဒုစရိုက်မှုလျော့ပါးရေးအတွက် ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိရာတွင် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ် ကျော်ဇေယျ နှင့် အဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ် အောင်သူမိုး နှင့်အဖွဲ့၊ ခရိုင်(မှု/နှိမ်)မှ ရဲအုပ်နိုင်ဇော် နှင့်အဖွဲ့၊ ပြည်နယ်(မှု/ကူ)မှ ရဲအုပ်မောင်မျိုး နှင့်တပ်ဖွဲ့ဝင်များ၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ၂၀၁၉ခုနှစ် ဇူလိုင်လ(၉)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း မြန်မာရွာရှိ မြခွာညိုလမ်းပေါ်တွင် ရှောင်တခင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က ရှောင်တခင်ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဘုရင့်နောင်ဈေးလမ်းဘက်မှ ဂေါက်ကွင်းလမ်းဘက်သို့ မျိုးမင်းနိုင် မောင်းနှင်ပြီး အားည နှင့် ရူးယာ တို့ လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ်တွင် လိုက်ပါလာသည့် အားည ဆိုသူမှာ တာချီလိတ်မြို့နယ်တရားရုံးမှ ဖမ်းဝရမ်းထုတ်ထားသည့် တရားခံဖြစ်နပြေီး ဆက်လက် ရှာဖွေရာ အားည ဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်ကပ် အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁၉၉)ပြားအား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများအား ရောင်းဝယ်ရန်အတွက် သယ်ဆောင်လာသူ အသက်(၂၅)နှစ်ရှိ အားည နှင့် အသက်(၁၈)နှစ်ရှိ ရူးယာ အပြင် အသက်(၂၁)နှစ်ရှိ မျိုးမင်းနိုင်တို့ သုံးဦးအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ရန်အတွက် ဆောင်ရွက်နပြေီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net